စစ်ပွဲအတွင်းသေဆုံးသော အီရတ်ပြည်သူ တစ်သန်းကျော်ရှိ
အီရတ်နိုင်ငံ၌ ၂၀၀၃ ခုနှစ်က အမေရိကန်ဦးဆောင်သော တပ်များကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် နိုင်ငံတွင်း ပဋိပက္ခများကြောင့် သေဆုံးသူပေါင်း အီရတ်ပြည်သူတစ်သန်းကျော် ရှိသွာပြီဖြစ်ကြောင်း၊ ဗြိတိသျှသုတေသန အဖွဲ့တစ်ဖွဲ့ကပြောကြားသည်။
ယင်းလေ့လာချက်ကို အိုအာဘီအဖွဲ့က အီရတ်နိုင်ငံရှိ အရွယ်ရောက်သူ ၂၄၁၄ ဦးအား တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ရာ ၂၀ရာခိုင်နှုန်းက ယင်းတို့၏ မိသားစုထဲမှ အနည်းဆုံး တစ်ဦးသေဆုံးကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။
၂၀၀၇ခုနှစ်တွင် အဆိုပါအဖွဲ့က အီရတ်နိုင်ငံ၌ အိမ်ထောင်စုဝင် ၄ ဒသမ ၀၅ သန်းကို စစ်တတမ်းကောက်ယူ မေးမြန်းခဲ့ရာ လူပေါင်း ၁ဒသမ ၀၃ သန်းမှာ စစ်ပွဲကြောင့် သေဆုံးခဲ့ရကြောင်း ၎င်းသုသေသနအဖွဲ့က ပြောကြားသည်။
အဆိုပါ သုသေသနပြု စစ်တမ်းကောက်ယူခဲ့ရာတွင် အီရတ်နိုင်ငံရှိ ပြည်နယ် ၁၈ခု၌ ၁၅ခု စာရင်းကောက်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း၊ ကာလာလာ၊ အန်ဘာဒေသနှင့် အဘီလ်ပြည်နယ် မြောက်ပိုင်းဒေသများမှ ဒေသအာဏာပိုင်များက ခွင့်မပြုခဲ့၍ စစ်တမ်းကောက်ယူနိုင်ခြင်း မရှိဟုဆိုသည်။

0 comments:
Post a Comment