ဘဂ္ဂဒက်မြို့ လူစည်ကားရာဈေးကြီး၌ ဖေဖော်ဝါရီ ၁ရက်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့ရာ လူ ၁၀၀ နီးပါးသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ပထမပေါက်ကွဲသည့် ဗုံးမှာ ဒေသစံတော်ချိန် နံနက် ၁၀နာရီ မိနစ်၂၀တွင် လူသိများသော တိရစ္ဆာန်များ ရောင်းသည့်ဈေးကြီး၌ အမျိုးသမီးတစ်ဦးက အသေခံဗုံးခွဲခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။
ဒုတိယမြောက် ပေါက်ကွဲသည် ဗုံးမှာ ပထမဗုံးပေါက်ကွဲပြီး မိနစ်၂၀အကြာ ဘဂ္ဂဒက်အရှေ့ပိုင်း လူစည်ကားရာဈေးကြီး၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
၂၀၀၇ခုနှစ် ဒုတိယနှစ်ဝက်တွင် အမေရိကန်တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားနိုင်ခဲ့ခြင်းကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများဆင်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ရက်သည် သေဆုံးမှုအများဆုံး ၊ သွေးထွက်သံယိုမှု အဖြစ်အများနေ့ဖြစ်ခဲ့သည်ဟု ဆိုသည်။