တောင်ကိုးရီးယားနှင့်အာဆီယံလွတ်လပ်စွာ ကုန်သွယ်ရေး စကားညှိနှိုင်း
တောင်ကိုးရီးယားနဲ့ အာဆီယံနိုင်ငံများဟာ ဖိလစ်ပိုင်နိုင်ငံမှာ (၂၁)ကြိမ်မြောက် လွတ်လပ်စွာ ကုန်သွယ်ရေးကိစ္စညှိနိုင်းကြမှာဖြစ်ကြောင်း သတင်းရ၇ှိပါတယ်။ဇန်န၀ါရီ(၂၁)ရက်နေ့မှာစတင်တဲ့ ညှိနိုင်းပွဲဟာ ငါးရက်အချိန်ယူမှာရှိနေတဲ့ အဖုအထစ်တွေကို ချောမွေ့စေဖို့ဖြစ်ပါတယ်။
တောင်ကိုးရီးယားအာဆီယံအတွက် တတိယ်အကြီးဆုံးကုန်သွယ်ဘက်ဖြစ်သလို အာဆီယံဟာတောင်ကိုးရီးယားအတွက် ပဉ္စမအကြီးဆုံးကုန်သွယ်ဘက်ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ ဒွိမျက်နျာစာကုန်သွယ်ရေးပမာဏဟာ ဒေါ်လာကုဋေ ၅၃၅၀ မျှဖြစ်ခဲ့ပါတယ်။
အခုအစည်းအဝေးမှာ ကဏ္ဍကြီးလေးခုထဲက ရင်းနှီးမြုပ်နှံမှုနဲ့ အငြင်းအခုံဖြေရှင်းရေးတို့တွင် ကိုင်တွယ်ကြမှာဖြစ်ပါတယ်။ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှု ကိစ္စဟာပြီးပြတ်ခဲ့ပြီဖြစ်ပါတယ်။
သို့ပေမဲ့ ထိုင်းနိုင်ငံဟာဈေးကွက်ဖွင့်ရေးကိစ္စမှာ သဘောထားခြားနားမှုရှိနေခဲ့လိုညှိနှိုင်းပွဲတွေမှာ မပါခဲ့ပါဘူး။ဒါပေမဲ့ မေလမှာတွေ့ဆုံကြရင် ထိုင်းက ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုဏ္ဍကိစ္စမှာ တက်ရောက်ခွင့်ပေးဖို့မူအရသဘောတူညီထားကြပါတယ်။
တောင်ကိုးရီးယားဟာ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်တွေကို ချီလီ၊စင်ကာပူ၊ဥရောပလွတ်လပ်စွာကုန်သွယ်ရေးအသင်းတို့နဲ့ရယူထားတာဖြစ်တဲ့အပြင် အမေရိကန်နဲ့ ကိစ္စမှာလည်း ပါလီမန်ရဲ့ အတည်ပြုချက်ကို စောင့်နေတာဖြစ်ပါတယ်။ပြီးတော့ဥရောပသမဂ္ဂ၊ကနေဒါ၊အိန္ဒိယ၊မက္ကဆီကိုတို့နဲ့လည်းရယူဖို့ အားထုတ်နေတာဖြစ်ပါတယ်။
0 comments:
Post a Comment