ယီမင်ကမ်းခြေတွင်ရုပ်အလောင်း(၅၀)ခန့်လာတင်နေ
အေဒင်ပင်လယ်ကွေ့က ကြမ်းတမ်းခက်ထန်တဲ့ရေပြင်မှာသူတို့ရဲ့ သင်္ဘောတိမ်းမှောက်နစ်မြုပ်ခဲ့ပုံရတဲ့နိုင်ငံဖြတ်ကျော်ရွှေ့ပြောင်းဝင်ရောက်ဖို့ကြိုးစားခဲ့ကြသူ(၅၀)ခန့်တို့ရဲ့ ရုပ်လောင်းတွေ ယီမင်ကမ်းခြေမှာ လာတင်နေတင်နေတင်နေတာကို စနေနေ့(၁၂-၁-၀၈)က တွေ့ခဲ့ကြပါတယ်။
ကမ်းခြေနားအရောက် ကူးခတ်လာနိုင်ခဲ့ကြသူ (၃၅)ဦးတို့ရဲ့ အဆိုအရ သူတို့ရဲ့ သင်္ဘောကလေးပေါ်မှာ ပြွတ်သိပ် ကျပ်ညပ်စွာ လိုက်ပါလာခဲ့သူစုစုပေါင်း(၁၃၅)ဦးထက်မနည်းရှိတယ်။အဲဒီလူ အားလုံးဟာ ဆိုမာလီနဲ့ အီသီယိုပီးယားတွေဖြစ်ကြတယ်လို့ သိရှိရတာကြောင့်သေဆူံးသူစာရင်းဟာ အခုရထားတဲ့ ရုပ်အလောင်းအရေအတွက်ထက်ပိုလာနိုင်ဖွယ်ရှိနေပါသေးတယ်။
နှစ်စဉ်ယီဒင်နိုင်ငံသို့ ရောက်ရှိဖို့ ကြိုးစားရင်း လမ်းခရီးမှာ သေဆုံးကြရတဲ့ အာဖရီကသားရေပေါင်းများစွာရှိပါတယ်။ဆိုမာလီနိုင်ငံနဲ့ အာရေဗျကျွန်းဆွယ်ကိုခြားထားတဲ့ အဲဒီရေပြင်ကို စွန့်စွန့်စားစား ဖြတ်ကူးသူးအများအပြားဟာရေ နှစ်လို့သော်လည်းကောင်း၊ ပင်လယ်ဓားပြတွေ လက်ချက်ကြောင့်သော်လည်းကောင်း သေဆုံးကြလေ့ရှိပါတယ်။
အဲဒီန္တရယ်များတဲ့ ခရီးလမ်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ကြသူတွေကတော့ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီမှာ ဒုက္ခ အဖြစ်မှတ်ပုံတင်ပြီး ယီမင်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြပါတယ်။အချို့ကတော့ ယီမင်လာမြို့ကြီးတွေမှာတစ်နေ့တစ်ဒေါ်လာ ထက်မပိုတဲ့လုပ်ခရရှိတဲ့ အလုပ်ကြမ်းသမားတွေ ဖြစ်လာကြပါတယ်။
ယီမင်ဟာ အာရပ်ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်ပေမယ့် ဆိုမာလီနိုင်ငံမှာ အီသီယိုးပီးယားနဲ့ နိုင်ငံတကာက ကျောထောက်နောက်ခံပြုထားတဲ့ ကြားဖြတ် အစိုးရနဲ့အစ္စလာမ်မစ်သူပုန်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့်ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ယီမင်ကို ရောက်၇ှိလာနေကြတာဖြစ်ပါတယ်။
ယီမင်အာဏာပိုင်တွေအဆိုအရ ၂၀၀၇ထဲမှာ သူတို့နိုင်ငံကို တရားမ၀င် ရောက်၇ှိလာတဲ့ အီသီယိုပီးယားနဲ့ ဆိုမာလီလူမျိုး(၅၀၀၀)၀န်းကျင် ရှိခဲ့ပြီး လမ်းမှာ(၄၀၀)လောက်သေကျန်ခဲ့တယ်လို့ သိရပါတယ်။ကူလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCK)ရဲ့အဆိုအရလောလောဆယ် ယီမင်မှာမှတ်ပုံတင်ထဖားတဲ့ ဒုက္ခသည် (၈၈၀၀၀) အတွက် (၈၄၀၀၀) ဟာ ဆိုမာလီလူမျိုးဖြစ်တယ်လို့သိရှိရပ်တယ်။
0 comments:
Post a Comment