တူရကီနိုင်ငံ ဘူလ်မြို့ဆင်ခြေဖုန်းအရပ်၌ အင်အားပြင်းထန်သော မီးပန်းစက်ရုံပေါက်ကွဲ
ခဲ့ရာအနည်းဆုံး၂၀ သေဆုံး၊ အများအပြားဒဏ်ရာရရှိသွားကြောင်း တူရကီရဲတပ်ဖွဲ့
ကပြောကြားသည်။အဆိုပါသတင်းကို စီအင်န်အင်န်သတင်းဌာနက ထုတ်လွှင့်ရာတွင်
၁၇ ဦးသေဆုံးပြီး အချို့မှာ အပျက်အစီးများအောက်၌ ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။
ယင်းမီးပန်းစက်ရုံ ပေါက်ကွဲမူကြောင့် ဒါရွတ်ပါရှာအရပ်၌ ငါးထပ်အဆောက်အအုံတလုံး
ပျက်စီးသွားကြောင်း ၊၄င်းစက်ရုံမှာ လွန်ခဲ့သော နှစ်နှစ်ခန့်က တရားမ၀င် မီးကျည်မီးပန်းများ
ထုတ်လုပ်နေသည့် စက်ရုံဖြစ်ကြောင်း မြို့နေတာဝန်ရှိသူများကပြောကြားသည်။