ပါကစ္စတန်အနောက်မြောက်ပိုင်၌ ဗုံးပေါက်ကွဲအကြမ်းဖက်တိုက်ခိုက်မှုများကြောင့်လုံခြုံရေးတင်းကျပ်ထား
ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် ဇန်န၀ါရီ၃၀ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ
သုံးဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ဗုံးပေါက်ကွဲမှုမှာ ပီရှာဝါမြို့ရှိ
နေအိမ်တစ်အိမ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့များရောက်ရှိချိန်၌ အိမ်တွင်း
သေဆုံးသူသုံးဦးကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အဆိုပါဗုံးပေါက်ကွဲမှုဖြစ်ပွားရခြင်းမှာ ပေါက်ကွဲမှုဖြစ်ပွားစေသောခဲယမ်းများဖြင့် ပြုလုပ်နေစဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင်အရာရှိများပြောကြားသည်။ သို့သော်လည်း အခြားရဲတပ်ဖွဲ့အရာရှိ
တစ်ဦးကမူအိမ်အပြင်ဘက်မှနေ၍ဗုံးပစ်သွင်းခဲ့ခြင်းဖြစ်ကြောင်းပြောကြားသည်။
နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသော ပါကစ္စတန်နိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်များ
ဖြစ်ပွားလျက်ရှိသဖြင့် လုံခြုံရေးတင်းကျပ်နေရကြောင်း ရဲအရာရှိ မုဟာမက်အီဂျက်က
ပြောကြားသည်။
0 comments:
Post a Comment