ကင်ညာနိုင်ငံ၏ ဆန့်ကျင်ဘက် နိုင်ငံရေးပါတီမှ နိုင်ငံရေးသမားတစ်ဦးသည် ဇန်န၀ါရီ ၂၉ ရက်က ၎င်း၏ နေအိမ်၌ အသတ်ခံရကြောင်း အော်ရိန်းဒီမိုကရက်တစ်လှုပ်ရှားမှုပါတီ (အိုဒီအမ်)က ပြောကြားသည်။
ပြောကြား
ယင်းသတ်ဖြတ်မှု၏ နောက်ကွယ်တွင် နိုင်ငံရေးရည်ရွယ်ချက်ပါ မပါ ဟူသော အချက်ကို ချက်ချင်းမသိနိုင်သေးဟု ဆိုသည်။ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ယခုလူသတ်မှုသည် လက်ရှိအာဏာရပါတီနှင့် ဆက်စပ်မှုရှိသည်ဟု ထင်စရာဖြစ်နေသည်။ ထိုသို့မဟုတ်မှန်ကြောင်းကို အာဏာရပါတီအနေဖြင့် သက်သေပြရန် လိုအပ်မည်ဖြစ်သည်ဟု အိုဒီအမ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုနီဂါဟိုကာက ပြောကြားသွားသည်။
အသတ်ခံရသူမှာ ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ် မီလီတပ်စ်ဝီရီ ဖြစ်သည်။ ၎င်းသည် နိုင်ရိုဘီဒေသ အမ်ဘာကာစီခရိုင်ကို ကိုယ်စားပြုသော ကိုယ်စားလှယ်ဖြစ်သည်။
ကင်ညာနိုင်ငံ၏ အပန်းဖြေကမ်းခြေဒေသ ဒါနီတွင် တနင်္ဂနွေနေ့နှောင်းပိုင်းက ဂျာမန်လူမျိုး ကမ္ဘာလှည့်ခရီးသည်နှစ်ဦးကို လုယက်ရာ ဂျာမန်အမျိုးသား တည်းခိုခန်းပိုင်ရှင်ကလည်း ၀င်ရောက်ဟန့်တားခဲ့သည်။ အခင်းဖြစ်ပွားမှုတွင် ကင်ညာလူမျိုး အကြမ်းဖက်သူများ၏ တိုက်ခိုက်မှုကြောင့် ဂျာမန် ကမ္ဘာလှည့်အမျိုးသားနှင့် ဂျာမန်တည်းခိုခန်းပိုင်ရှင်တို့ သေဆုံးခဲ့ရသည်။ ဧည့်သည်အမျိုးသမီးမှာ ဒဏ်ရာရသွားသည့်အတွက် ဆေးရုံတင်ထားရသည်။
၈၀၀ ကျော်သေဆုံး
ကင်ညာနိုင်ငံတွင်ဖြစ်ပွားသော မငြိမ်သက်မှုများကြောင့် ပြည်သူ ၈၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်သည်။