အာဖဂန်နစ္စတန် တောင်ပိုင်း ဟဲလ်မန့်ပြည်နယ်၌ ဖေဖော်ဝါရီ ၅ ရက်က အမေရိကန်နှင့် အပေါင်းပါ တပ်ဖွဲ့ဝင်များ စီးနင်းလာသောမော်တော်ယာဉ်တစ်စီးကို တာလီဘန်လက်နက်ကိုင်များက ဗုံးခွဲတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။
ဗုံးခွဲတိုက်ခိုက်
အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန့်ပြည်နယ်ရှိ ဟဲလ်မန့်မြစ်ကမ်းတစ်လျှောက် လမ်းမကြီးပေါ်တွင် ကင်းလှည့်မောင်းနှင်လာသော အမေရိကန်နှင့် အပေါင်းပါတပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ်ကို နာဟာဆာဂျေခရိုင် ဒက်ဘ်ကျေးရွာအနီး၌ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံတွင်တာလီဘန်လက်နက်ကိုင်များ၊အမေရိကန်နှင့် အပေါင်းပါတပ်ဖွဲ့ဝင်များ တိုက်ခိုက်မှုကြောင့် ၂၀၀၇ ခုနှစ်က ပြည်သူအများအပြားသေဆုံးခဲ့ရသလို အမေရိကန်နှင့် အပေါင်းပါတပ်ဖွဲ့ဝင်များလည်း သေဆုံးခဲ့ရသည်။