ထူးခြားဖြစ်စဉ်ကမ္ဘာတစ်ခွင်
- အင်ဒိုနီးရှားနိုင် ဘရီဘတ်စ်မြို့တွင် ဖေဖော်ဝါရီ ၆ ရက်ကမြေပြိုမှုဖြစ်ပွားရာ ခုနှစ်ဦးသေဆုံးပြီးနေအိမ်လေးလုံး ပျက်စီးခဲ့သည်။
- ပီရူးနိုင်ငံ ပါဒရီအဘတ်ပြည်နယ်၌ ဖေဖော်ဝါရီ ၆ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းခဲ့မှုကြောင့် ၁၃ ဦးသေဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိကာ ဒေသခံ ၄၅၀၀၀ ခန့် ရေဘေးဒုက္ခကြုံတွေ့နေရသည်။
- ခရိုအေးရှားနိုင်ငံ အထရီရာတစ်မြို့ ကမ်းလွန်တွင် ဖေဖော်ဝါရီ၆ရက်က တူရကီကုန်တင်သင်္ဘောတစ်စင်း မီးလောင်နစ်မြုပ်ခဲ့ရာ သင်္ဘောသားများကို ကယ်ဆယ်နိုင်ခဲ့သည်။
- အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အရှေ့မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၆ရက်က အထည်စက်ရုံတစ်ရုံမီးလောင်မှု ဖြစ်ပွားရာ ၅၆ ဦး ဒဏ်ရာရရှိပြီး စက်ရုံလည်း ပျက်စီးခဲ့သည်။
- ဂျော်ဒန်နိုင်ငံ အမ္မန်မြို့တွင် ဖေဖော်ဝါရီ ၆ ရက်က ဘတ်စ်ကားနှစ်စီးတိုက်မိခဲ့ရာ ခရီးသည် ၁၀ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။
- ဘူလ်ဂေးရီးယားနိုင်ငံ မြို့တော်ဆိုဖီယာမြို့၌ ဖေဖော်ဝါရီ ၆ ရက်ကလေးထပ် လူနေအဆောက်အအုံပြိုကျခဲ့ရာ ခြောက်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်။
- အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ကမ်းလွန်၌ ဖေဖော်ဝါရီ ၇ ရက်က အင်အားရစ်ခ်ျတာစကေး ၆ ရှိ မြေငလျင်လှုပ်ခဲ့သည်။
0 comments:
Post a Comment