အစ္စရေးနိုင်ငံသည် အီရန်တို့ကို အင်အားချိနဲ့သွားအောင် တရားဝင်လုပ်ဆောင်ပိုင်ခွင့်ရှိကြောင်း အစ္စရေး အစိုးရမှ ပြောကြားခဲ့ပြီးနောက်ပိုင်း ၁၇-၁-၀၈ ရက်နေ့လည်း ဂျယ်ရီချို-၃ အမည်ပေးထားသည့် နျူကလီးယား ထိပ်ဖူးတပ်ဆင်နိုင်သည့် တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ခဲ့သည်။ အဆိုပါ ဒုံးကျည်သည် အီရန်နိုင်ငံ ပစ်မှတ်များကို ထိမှန်နိုင်စွမ်းရှိကြောင်းနှင့် အစ္စရေးတို့က အီရန်တို့၏ နျူကလီးယားခြိမ်းခြောက်မှုကို တုံ့ပြန်ချက်ဖြစ်ဖွယ်ရှိ ကြောင်း နိုင်ငံတကာသုတေသီများက သုံးသပ်ထားကြသည်။ အစ္စရေးတို့က ယခင်နှစ် အတော်တန်ကြာကပင် စမ်းသပ်ခဲ့ပြီးဖြစ်သည့် မြေပြင်မှ မြေပြင်ပစ် ဂျယ်ရီချို-၁နှင့် ဂျယ်ရီချို-၂ တာဝေးပစ်ဒုံးကျည်များမှာလည်း နျူကလီး ယား ဒုံးကျည်များကို သယ်ဆောင်နိုင်စွမ်းရှိနေကြောင်းနှင့် ယခုဂျယ်ရီချို-၃ဒုံးကျည်ကို အစ္စရေးနိုင်ငံအလယ်ပိုင်း ဒေသတစ်နေရာမှ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အီရန်နှင့် မဟာမိတ်များကို ရည်ညွှန်ဖွယ်ရှိကြောင်း ရိုက်တာ သတင်း ဌာနက ဖော်ပြသည်။