အီဂျစ်-ဂါဇာနယ်စပ်ရှိ လူဖြတ်ကူးလမ်း၌ ဥရောပသမဂ္ဂ လေ့လာသူထားရှိရေးကိစ္စ ဟားမတ်စ်က ပယ်ချ
ဂါဇာကမ်းမြောင်နှင့် အီဂျစ်နိုင်ငံကြားနယ်စပ်ဒေသရှိ ရာဖာလူကူးလမ်းကို စောင့်ကြည့်လေ့လာရာတွင် ကူညီပံ့ပိုးနေသည့် ဥရောပသမဂ္ဂမှ လေ့လာသူများက ပြန်လည်လာရောက်မည့်ကိစ္စကို ဟားမတ်စ်အုပ်စု၏ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် လက်မခံဘဲ ပယ်ချလိုက်သည်။
ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့ (ပီအင်အေ) က ဥရောပသမဂ္ဂလေ့လာသူများ၏ ရှေ့မှောက်ဝယ် ဖြတ်ကူးလမ်းကို စောင့်ကြည့်လေ့လာရန်ကိစ္စကို အစ္စရေးက ခွင့်ပြုခဲ့သည်ဟု ၂၀၀၅ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် သဘောသတူညီချက်တွင် ဖော်ပြထားသည်။
ရာဖာလူဖြတ်ကူးလမ်းကို စောင့်ကြည့်ရန် ဥရောပနိုင်ငံသားများကို ခွင့်ပြုစေခဲ့သည့် သဘောတူညီချက်ကို အစ္စရေးနှင့် ပီအင်အေတို့ ၂၀၀၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြပြီး ယခုအခါ သက်တမ်းကုန်ဆုံးပြီဟု ဟားမတ်စ်ပြောရေးဆိုခွင့်ရှိသူ ဖော်ဇီဘာဟုမ်က ပြောကြားသည်။
ယင်းသဘောတူညီချက်သည် တစ်နှစ်သက်တမ်းအတွက်သာဖြစ်ပြီး ယခုအခါ သက်တမ်းကုန်ဆုံးပြီဖြစ်ကြောင်း ၊
ပါလက်စတိုင်းနှင့် အီဂျစ်တို့က ထိန်းချုပ်ဖွင့်လှစ်ထားသည့် အဆိုပါဖြတ်ကူးလမ်းကို အခြားမည်သူမျှ ၀င်ရောက်စွက်ဖက်စရာ မလိုကြောင်း ၊ မိမိတို့အနေဖြင့် ရာဖာဖြတ်ကူးလမ်းကို နောက်ထပ်ပြဿနာမပေါ်စေရန် ထိန်းချုပ်လုပ်ကိုင်လိုကြောင်း ၎င်းက ပြောကြားသည်။

0 comments:
Post a Comment