ရုရှားနိုင်ငံတွင် နောင်ဖြစ်လာမည့် သမ္မတအဖြစ်လျာထားခြင်းခံရသော ဒီမီထရီမက်ဗီဒက်သည် ဒေသဆိုင်ရာ အရာရှိများအား မေးခွန်းများထုတ်၍ အပြစ်တင်သည့်အချက်များ ထုတ်ပြန်လျက် မတ်လ ၂ရက်နေ့ သမ္မတ ရွေးပွဲ အတွက် ကြိုတင်စည်းရုံးသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ သမ္မတရွေးပွဲတွင် အရေးပါသော ပြိုင်ဘက် မရှိချေ။ ကရင်မလင်သည် အလွန်ဖြစ်တောင့်ဖြစ်ခဲသော သူတစ်ယောက်၏လက်ထဲသို့ သမ္မတရာထူးဆက်ခံခွင့် ပေးအပ်လိုက်ခြင်းပင်ဖြစ်သည်။ မက်ဗီဒက်သည် ဤသီတင်းပတ်တွင် ဆိုက်ဘေးရီးယားအနောက်ပိုင်း ရေနံကြွယ် ၀သော တိုင်ယွန်မင်းဒေသသို့ သွားရောက်လည်ပတ်ခဲ့သည်။ သူအား ဒေသခံများက လုံခြုံရေးတင်းကျပ်စွာ ချထားသည့် အထူးဘဲလေးကပွဲဖြင့်  အသက်၄၂နှစ်အရွယ်ရှိ ကမ္ဘာ့အကြီးဆုံးနိုင်ငံ တစ်နိုင်ငံ၏ ခေါင်းဆောင် ဖြစ်လာမည့်သူအား ဧည့်ခံခဲ့ကြသည်။ မက်ဗီဒက်သည် ဥပဒေပါမောက္ခဟောင်းတစ်ဦးဖြစ်သည်။ သူသည် သူသွားရာလမ်းတလျှောက်၌ ရုပ်မြင်သံကြားကင်မရာရှေ့မှာ သတိကြီးစွာနေပြီး ဒေသခံများ၏ ပြောကြားချက်များ ကို စိတ်ပါဝင်စားစွာနားထောင်ခဲ့သည်။ မေးသမျှ မေးခွန်းများ စိတ်ရှည်လက်ရှည် ပြန်လည်ဖြေကြားခဲ့သည်။ သူသွားသောနေရာသည် လူငယ်မိသားစုများအတွက် နိုင်ငံတော်မှ တည်ဆောက် ပေးသည့် အိမ်ယာများရှိသောနေရာများဖြစ်ပြီး ယင်းအိမ်ယာများနှင့် အားကစားပစ္စည်းများ အပြည့်အစုံထား ရှိပေးထားသည်။ မော်စကိုရွေးကောက်ပွဲသည် တရားမျှတမည်ဖြစ်သည်။ သို့သော်လည်း ဝေဖန်သူများက အတိုက်အခံ ကိုယ်စားလှယ်လောင်းများအား အစိုးရ၏ အသုံးအဆောင်နှင့်ဘက်လိုက်သော မီဒီယာအသုံးပြုခွင့် ကန့်သတ်ထားခြင်းဖြစ် ကရင်မလင်၏ ကိုယ်စားလှယ်လောင်း၏ အရှိန်အ၀ါကို ပိုမိုမြင့်မားလာစေသည်ဟု ဝေဖန် ပြောကြားခဲ့သည်။ ဗုဒ္ဓဟူးနေ့ ခရီးသွားစဉ် မောပန်းနွမ်းနယ်နေဟန်ရှိသော အလုပ်သမားနှစ်ယောက်က မျက်နှာကျက်များ အကြိမ်ကြိမ်ဆေးသုတ်ရသည့်အတွက် မောပမ်းကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း သူတို့၏စုတ်တံများသည် ခြောက်သွေ့နေပြီဖြစ်သည်။ သူတို့က ရှင်းပြသည်မှာ ဧည့်သည်များ ဆေးစွန်းမည်စိုး၍ ဆေးသုတ်ခြင်းရပ်ထားရသည်ဟု ပြန်လည်ဖြေကြားခဲ့သည် ။အနက်ဝတ်စုံဝတ်ထားသော မက်ဗီဒက်က အလုပ်သမားများအား “အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား၊ လစာများ မှန်မှန် ရရှိရဲ့လား”ဟု မေးမြန်းခဲ့ရာ အလုပ်သမားများက“ အားလုံးအဆင်ပြေပါတယ်”ဟု ပြည်လည်းဖြေကြားခဲ့ကြသည်။ သမ္မတပူတင် သည် သမ္မတရာထူးမှ အနားယူပြီးနောက် ၀န်ကြီးချုပ်ရာထူးကို ဆက်လက်တာဝန်ယူခဲ့ပြီးနောက် အပြစ်အနာဆာကင်းမဲ့စွာ အသွင်ကူးပြောင်းသွားတော့မည် ဖြစ်သည်။
မစ္စတာ မက်ဗီဒက်သည် လက်ရှိပထမ ဒုတိယ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်နေသူဖြစ်သည်။ သူသည် အရေးကြီးသော ပညာရေး၊ ကျန်းမာရေးနှင့် အိုးအိမ်တိုက်တာ အဆောက်အအုံးများနှင့် ပတ်သက်၍ တာဝန်ရှိ သူတစ်ယောက် ဖြစ်သည်။ လွန်ခဲ့သောလက မစ္စတာပူတင်က သူ၏အရိုက်အရာဆက်ခံမည့်သူအဖြစ် မက်ဗီဒက်အား လျာထားပြီးကတည်းက ရုရှားနိုင်ငံ တစ်ဝန်းလုံး မက်ဗီဒက်၏ ခရီးစဉ်တွင် စက်ရုံ၊ အလုပ်ရုံစီမံချက်များ စစ်ဆေးခြင်းနှင့် ဒေသခံများ တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။ ခရီးစဉ် တလျှောက်တွင် သူ၏လေးနက်ထိရောက်သည့် စကားပြောစတိုင်နှင့် ပူတင်ကဲ့သို့ အမြဲတမ်းလိုလို အနာဂတ် ရုရှားခေါင်းဆော်င၏ အသွင်သဏ္ဍန်ကို ပြသနေသည်ဟုဆိုသည်။
မက်ဗီဒက်သည် မကြာခဏ ပညာသင်စရိတ်နှင့် နေအိမ်စရိတ်များကြီးလေးသည့်အတွက် တိုင်တန်းသော အလုပ်သမားများနှင့် တွေ့ဆုံခဲ့သည်။ သူက အဆင့်မြင့်ပညာရေးအတွက် ယခုထက်ပိုမိုသော ထောက်ပံ့ကြေး များ နိုင်ငံတော်က အကုန်အကျခံမည်ဖြစ်ကြောင်းနှင့် စာကြိုးစားကြရန် ကျောင်းသားများအား တိုက်တွန်းခဲ့ သည်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးပြုလုပ်ရာတွင် မက်ဗီဒက်သည် ပူတင်၏ အလေ့အထထက် ပိုမိုကောင်းမွန်အောင် မှတ်စုများနှင့် စကားပြောဆိုခြင်း ၊ ဆွေးနွေးရာတွင် ဖြတ်တောက်ပြော သူများအား ဟန့်တားခြင်းများ ပြုလုပ်ခဲ့သည်။ ရွေးကောက်ပွဲပြုလုပ်ရန် တစ်လအလို ဖေဖော်ဝါရီလ ၂ရက်နေ့ တွင် မဲဆွယ်တရားဝင်ဖွင့်လှစ်ကြောင်း ကြေညာမည် ဖြစ်သည်။