ဂါဇာကမ်းမြောင်ဒေသ အကြမ်းဖက်မှုများ အဆုံးသတ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းတိုက်တွန်း
ဂါဇာကမ်းမြောင်ဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ အရှိမြှင့်တင်လာမှုကို အဆုံးသတ်နိုင်ရေး အစီအမံများ ချမှတ်ကြိုးပမ်းသွားရန် အစ္စရေးနှင့် ပါလက်စတိုင်းတို့အား ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းလိုက်သည်။ လွန်ခဲ့သော သတင်းပတ်က ဂါဇာကမ်းမြောင်ဒေသတွင် လူ ၃၀ကျော်သေဆုံးခဲ့ရသည်။ ဇန်န၀ါရီ ၁၈ရက်က ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတို့ပစ်ခတ်သော ဒုံးကျည်တစ်စင်း ဟာမတ်စ်ပြည်ထဲရေး ၀န်ကြီးရုံးပေါ်သို့ ကျရောက်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၄၀ဦး ဒဏ်ရာရရှိခဲ့သည်။
ပြည်ထဲရေးရုံးအဆောက်အအုံသည် ၂၀၀၆ခုနှစ် ဇူလိုင်လက အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသော အဆောက်အအုံဖြစ်သည်။ သို့ရာတွင် အနီးအနား၌ နေထိုင်သူများရှိသည်ဟု ဆိုသည်။ ဂါဇာမှ အစ္စရေးနိုင်ငံဘက်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းကို ချက်ချင်းရပ်တန့်ရန် ပါလက်စတိုင်းတို့ အား မစ္စတာဘန်ကီမွန်းက မေတ္တာရပ်ခံလိုက်သည်။ မိမိတို့သည် လုံခြုံရေးပြဿများအားလုံးကို နားလည်သဘောပေါက်ပါကြောင်း၊ အစီအမံများချမှတ်၍ တုံ့ပြန်ဆောင်ရွက်သွားရန်လိုကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေးအဖွဲ့ အတွင်းရေးမှူးချုပ် ဂွန်ဟောမက်စ်က ပြောကြားသည်။

0 comments:
Post a Comment