ုသီရိလင်္ကာရဲတပ်ဖွဲ့က အလောင်း ၁၂လောင်းကို ကြာသပတေးနေ့က တွေ့ရှိရာ အလာင်းအချို့သည် လက်ပြန်ကြိုးတုတ်ခံထားရကြောင်း စစ်ဘက်နှင့်မျက်မြက်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။
သီရိလင်္ကာစစ်တပ်နှင့် ခွဲထွက်ရေးသမား တမီလ်ကျားအဖွဲ့တို့သည် ဆယ်စုနှစ် နှစ်စုကြာ ပြည်တွင်းစစ်အဖြစ် တိုက်ခိုက်နေကြပြီးနောက် နိုင်ငံအတွင်း၌ မကြာမီကာလက ပြန်ပေးဆွဲမှုနှင့် ပျောက်ဆုံးမှုများ ရာပေါင်းများစွာ ပေါ်ပေါက်ခဲ့သည်ဟု လူ့အခွင့်အရေးအုပ်စု များက ပြောကြားခဲ့သည်။ ၁၉၈၃ ခုနှစ်နောက်ပိုင်းတွင် လူပေါင်း ၇၀၀၀၀နီးပါး သေဆုံးခဲ့ရသည်။
ဒေသခံတစ်ဦး၏ သတင်းပေးပို့ချက်အရ အနူရာဒါပူရာခရိုင်သင်္ချိုင်း သို့ ရဲများသွားရောက်ခဲ့ရာ ပုံပျက်ပန်းပျက် ဖြစ်နေသည့် အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ အမည်မဖော်လိုသူ တစ်ဦးကလည်း အလောင်း၁၆လောင်းတွေ့မြင်ခဲ့ပြီး အချို့မှာ လက်ပြန်ကြိုးတုတ်ခံ ထားရသည်ဟု ပြောကြားသည်။ သီရိလင်္ကာအစိုးရက ကျားသူပုန်အဖွဲ့နှင့် ၂၀၀၂ခုနှစ် အပြစ်အခတ်ရပ် စဲရေး သဘောတူညီချက်ကို ယခုနှစ်ဇန်န၀ါရီ ၁၆ရက်တွင် ရပ်ဆိုင်းခဲ့သည်။