ထိုင်းတောင်ပိုင်း၌ ဗုံးပေါက်ကွဲ တပ်ဖွဲဝင် ခုနှစ်ဦးထက်မနည်း
ထိုင်းနိုင်ငံ တောင်ပိုင်းနာရာသီဝပ်ပြည်နယ်တွင် ဇန်န၀ါရီ ၂၃ရက်က အင်အားပြင်းဗုံးပေါက်ကွဲရာ ထိုင်းတပ်ဖွဲ့ဝင် ခုနှစ်ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း၊ ထိုပေါက်ကွဲမှုသည် စစ်သွေးကြွများလက်ချက်ဟု ယူဆရကြောင်း ဒေသဆိုင်ရာ အသံလွှင့်ဌာနက ထုတ်လွှင့်သည်။
နာရာသီဝပ်ပြည်နယ် ရပ်ဝေးဒေသ၌ ကျင်းပသည့် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဧည့်သည်တော် ၂၀၀ကျော်ကို ဖိတ်ကြားထားကြောင်း၊ ယင်းနေရာကို မိုဘိုင်းလ်ဖုန်း အသုံးပြုပြီး ဗုံးဖောက်ခွဲခဲ့ ခြင်း ဖြစ်ကြောင်း ထုတ်လွှင့်ခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ်၊ ရာလာနှင့် ပတ္တနီပြည်နယ် တို့သည် စစ်သွေးကြွများနှင့် ဆက်နွယ်ဖြစ်ပွား သော တိုက်ခိုက်မှုကြောင့် တည်ငြိမ်အေးချမ်းမှုမရှိသည် ပြည်နယ်များဖြစ်သည်။
၂၀၀၄ခုနှစ်ကတည်းက ဖြစ်ပွားသည့် တိုက်ခိုက်မှုများကြောင့် ယနေ့အထိ သေဆုံးသူ ၂၈၀၀ကျော်ရှိပြီဖြစ်သည်။
0 comments:
Post a Comment