လက်ရေဆေးခြင်း ၊ နှာခေါင်းစည်း အသုံးပြုခြင်းကဲ့သို့သော သာမန် ကြိုတင်ကာကွယ်ရေးအစီအစဉ်များဖြင့်ပင်လျှင် တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးရာတွင် ထိရောက်ကြောင်း သုတေသီများက ပြောဆိုသည် ။ အနာဂတ်ကာလတွင် တုပ်ကွေးရောဂါ ကူးစက်ပျံ့နှံ့မည့်အရေးမှာ အချို့သောအတိုင်းအတာအထိ ရှောင်လွှဲ၍ ရနိုင်မည်မဟုတ်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည် ။ ဆားစ်ရောဂါပျံ့နှံ့ကူးစက်မှုမျိုးမှ ပျံ့နှံ့နိုင်သည်ဟုလည်း စိုးရိမ်နေကြသည် ။ ဖြစ်လာလျှင် ကာကွယ်ဆေး အလုံအလောက် မရှိသည်ကလည်း တွေးတောပူပင်စရာ ဖြစ်သည် ။ သို့သော် နောက်ဆုံး သုတေသနပြုချက်များအရ လက်ဆေးကြောခြင်း ၊
နှာခေါင်းစည်း ၀တ်ဆင်သုံးစွဲခြင်းဖြင့် တုပ်ကွေးရောဂါကို ထိရောက်စွာကာကွယ်နိုင်ကြောင်း တွေ့ရှိရသည်ဟု သုတေသနပညာရှင် ဒေါက်တာတွမ်ဂျက်ဖာဆင်က ပြောဆိုသည် ။