အမေရိကန်၌ ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး ဖြစ်ရပ်နှင့်ဆက်စပ်သူ တရားခံနှစ်ဦးအား ဖမ်းဆီး
အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ် ဆီရာပစ်စတာဒေသတွင် နိုဝင်ဘာ ၂၁ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အသက် ၂၃နှစ်အရွယ်ရှိ မာ့ထ်အန်သိုနီဆိုသူ လူငယ်တစ်ဦး သေဆုံးခဲ့သည်။ ၄င်းသေဆုံးမှုနှင့်ဆက်စပ်သော အသက်၂၄နှစ်အရွယ်ရှိ တာယူရပ်ဇ်ကရောဖို့ဒ်ကို ဆီရာပစ်စတာရဲအဖွဲ့က နိုဝင်ဘာ၂၇ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ဒီဇင်ဘာ ၁ရက်က အင်တာနက်သတင်း၌ ဖော်ပြသည်။
ယင်းအမှုနှင့် ဆက်စပ်ပတ်သက်သူ အသက် ၂၄နှစ်အရွယ်ရှိ ဘရန်ဒါန်အိုမာ ဘတ်ဇ်လေကို နိုဝင်ဘာ ၃၀ရက်က လိုက်လံဖမ်းဆီးရာတွင် လွတ်မြောက်သွားခဲ့သည်။၎င်းကို ယင်းပစ်ခတ်မှုနှင့် ဆက်စပ်ဖမ်းဆီးရန် ၀ရမ်းထုတ်ထားသည်။ဘတ်ဇ်လေသည် တပ်ဆန်နှင့် ဆီရာပစ်စတာဒေသများတွင်ရှိနိုင်သည်ဟု ယူဆရသည်။ ၄င်းသည် အသားမည်းပြီး၊ အရပ် ၅ပေ ၁၀လက်မရှိကာ ကိုယ်အလေးချိန် ပေါင် ၁၆၀ ဖြစ်ကြောင်း ရဲအဖွဲ့က နီးစပ်ရာရဲစခန်းများနှင့် ပြည်သူအား အသိပေးကြေညာထားခဲ့သည်။
တာယူရပ်ဇ်ကရောဖို့ဒ်၏ ညီဖြစ်သူ သက်ဒီယပ်ဇ်ကရော့ဖို့ဒ်သည် ပစ်ခတ်မှုကြောင့် ဒဏ်ရာရကာ တပ်ဆန်ရှိ တက္ကသိုလ်ဗဟိုဆေးရုံတွင် နှစ်ရက်ကြာ တက်ရောက် ဆေးကုသခဲ့ရသည်။
ထိုပစ်ခတ်မှုတွင် လိခ်ျ၊ သာဒီယပ်ဇ်ကရောဖို့ဒ်နှင့် အခြားလူနှစ်ယောက်တို့ ဒဏ်ရာရရှိခဲ့သည်။လိခ်ျသည် ဒဏ်ရာပြင်းထန်မှုကြောင့် ဆေးရုံရောက်ပြီး မကြာမီမှာပင် သေဆုံးခဲ့သည်။
ကရောဖို့ဒ်ညီနောင်သည် အကြမ်းဖက်မှု မှတ်တမ်းများရှိခဲ့ဖူးပြီး အစ်ကိုဖြစ်သူ တာယူရပ်ဇ်ကရောဖို့ဒ်ကို နိုဝင်ဘာ ၂၇ရက် မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခဲ့သည်။ ယင်းဖြစ်ရပ်တွင် ဂိုဏ်းဂဏနှင့် မူးယစ်ဆေးဝါးပြဿနာများ ဆက်စပ်ပါဝင်နိုင်ကြောင်း ရဲအဖွဲ့က ယူဆထားသည်။
0 comments:
Post a Comment