ထူးခြားဖြစ်စဉ်ကမ္ဘာတစ်ခွင်
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့ ကမ်းလွန်တွင် ဒီဇင်ဘာ ၁ရက်က ကုန်တင်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားရာ သင်္ဘောသားခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။ သင်္ဘောသားများကို ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်ပေးနိုင်ခဲ့သည်။
ချက်သမ္မတနိုင်ငံ ပရာဂွီမြို့အနီးတွင် ဒီဇင်ဘာ ၁ရက်က အမြန်ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ရာ ခရီးသည်အများအပြား ဒဏ်ရာရရှိစေခဲ့သည်။
တရုတ်နိုင်ငံ ကျန်စုပြည်နယ် စူကျို့မြို့တွင် ဒီဇင်ဘာ ၁ရက်က ကျင်းပသည့် အနုပညာပစ္စည်းပြပွဲတွင် သစ်ပင်ကြီးတစ်ပင်အား ခြင်္သေ့တစ်ကောင်ကဲ့သို့ ထုလုပ်ပြသခဲ့ရာ အဆိုပါခြင်္သေ့ပုံစံသစ်ပင်ကြီးသည် ယွမ်ငွေတစ်သန်းတန်ကြောင်းသိရသည်။
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တွင် ဒီဇင်ဘာ ၂ရက် နံနက်က ဆီးနှင်းများထူထပ်စွာ ကျဆင်းခဲ့ရာ မော်တော်ယာဉ်သွားလာမှုများ ရပ်ဆိုင်းသွားသည်။
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်း အဝေးပြေးလမ်းမကြီးပေါ်တွင် ဒီဇင်ဘာ ၁ရက်က ခရီးသည်တင်ဘတ်စ်ကားတစ်စီးအရှိန်လွန် တိမ်းမှောက်ခဲ့ရာ ခရီးသည် ၂၅ဦး ပွဲချင်းပြီးသေဆုံးသွားသည်။
နိုင်ဂျီးရီးယားနိုင်ငံ ယိုလာမြို့တွင် ဒီဇင်ဘာ ၁ရက်က ရေနံတင်ယာဉ်တစ်စီးမီးလောင်ပေါက်ကွဲမှုဖြစ်ပွားရာ ငါးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။
0 comments:
Post a Comment