ရန်ကုန်တိုင်းသတင်း
(၀၇နိုဝင်ဘာ၃၀)ရက်နေ့ (၀၇:၀၀)ချိန်တွင် ရန်ကင်းမြို့နယ်၊ (၁၁)ရပ်ကွက်၊ ရန်ကင်းပညာရေးကောလိပ်ခန်းမ၌ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး အသင်းမှ ကြီးမှူး၍ ဖြိုးစေတနာအခမဲ့ ဆေးကုခန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ် အမှုဆောင်ဦးအောင်သိန်းလင်း၊ ဆေးခန်းအလှူရှင် သုဓမ္မသိင်္ဂီဒေါ်ရွှေသဇင်၊ ဆေးခန်းတာဝန်ခံဒေါက်တာသန်းထွန်းအောင်၊တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊တိုင်း/ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးအသင်းအတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြကြောင်း၊အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဗဟိုအလုပ် အမှုဆောင် ဦးအောင်သိန်းလင်း၊ ဆေးခန်းအလှူရှင် သုဓမ္မသိင်္ဂီဒေါ်ရွှေသဇင်၊ ဆေးခန်းတာဝန်ခံဒေါက်တာသန်းထွန်းအောင်တို့မှဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ဦးအောင်သိန်းလင်းမှ အမှာစကားပြောကြားခဲ့ကြောင်း၊ ၄င်းနောက် စေတနာရှင်အလှူရှင်များမှ လှူဒါန်းသော အလှူငွေ ကျပ်(၁၂၁၆၅၇၀၀)ကျပ်တန်ဖိုးရှိ အဆောက်အဦးနှင့် ဆေးခန်းသုံးပစ္စည်းများအားပေးအပ်လှူဒါန်းရာ ဦးအောင်သိန်းလင်းမှ လက်ခံရယူပေးခဲ့ကြောင်း၊ဆက်လက်၍(၁၂း၃၀)ချိန်တွင် ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုး အသင်းနှင့် စက်မှုဇုံ(၁/၂/၃)တို့ပူးပေါင်းဆောင်ရွက်သော (ငမိုးရိပ်/ဂျိုးဖြူ) ရေပိုက်လိုင်းဖွင့်ပွဲအခမ်းအနားကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၊ စက်မှုဇုန်(၁) အ၀င်မုဒ်ဦးရှေ့၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးအသင်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၊ ဦးမောင်ပါ၊ တိုင်း/ခရိုင် / မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်း/ ခရိုင်/ မြို့နယ် ပြည်ခိုင်ဖြိုးအသင်း အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ စက်မှုဇုန် ဥက္ကများ၊ စုစုပေါင်းအင်အား(၅၀၀)ဦး တက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားတွင် ပြည်ခိုင်ဖြိုးအသင်း ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း၊ ဦးမောင်ပါနှင့် စက်မှုဇုန်ဥက္ကဌတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရေတွန်းစက်ရုံ မင်္ဂလာကမ္ဗည်းမော်ကွန်းအား ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment