ကမ္ဘောဒီးယားနိုင်ငံ၏ ကျေးလက်ဒေသ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးကို ပံ့ပိုးကူညီရန် တရုတ် ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ကို အကူအညီတောင်းထားကြောင်း ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်က
နိုဝင်ဘာ ၂၇ ရက်တွင်ပြောကြားသည် ။ ရာတာနာကီရီပြည်နယ် မြို့တော်နှင့် ဆန်ထရန်ပြည်နယ် အိုမွန်မန်ဒေသတို့ကို ဆက်သွယ်၍ အရှည် ၁၂၈ ကီလိုမီတာရှိ လမ်းဖောက်လုပ်ရန် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၅၅ သန်း ကူညီရေးကိစ္စကို ၎င်းနှင့် တရုတ်ခေါင်းဆောင်တို့ စင်ကာပူနိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့သည် ။ ဟွန်ဆန်သည် အနာဂတ်ကာလတွင် ဓာတ်အားကွန်ရက် တည်ဆောက်ရေး နှင့် ဆည်စီမံကိန်းကိစ္စရပ်တို့အတွက် အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၅ သန်း ထောက်ပံရေးအတွက် အိန္ဒိယနိုင်ငံသို့ သွားရောက်မည် ဖြစ်သည် ။