အင်ဒိုနီးရှားတွင် ရေလွှမ်းမိုးမှုဖြစ်ပွားပင်လယ်ရေကာတံတိုင်းများပြုလုပ်လျက်ရှိ
အင်ဒိုနီးရှားနိုင်ငံတွင် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ပြီးနောက် ထူးကဲဒီရေတက်ခဲ့သဖြင့်
ဂျကာတာမြို့၏ နေရာအများစုတွင် ရေလွှမ်းမိုးမှုဖြစ်ပွားကာ မြို့တော်၏လေဆိပ်သွားရာ
အဓိကလမ်း၌ အသွားအလာပြတ်တောက်ခဲ့သည်။ယင်းနောက်ပိုင်းတွင် အင်ဒိုနီးရှားအစိုးရက
ပင်လယ်ရေကြောင်းဒဏ် ကာကွယ်ရေးအစီအစဉ်ကို ဖော်ဆောင်နေကြောင်း ရဲအရာရှိတစ်ဦး
ကအဂါင်္နေ့တွင် ပြောကြားသည်။
မြောက်ပိုင်း ဂျကာတာမြို့တော်၏ ခရိုင်နှစ်ခုသို့ တနင်္လာနေ့တွင် ၁ ဒသမ၅မီတာ(၅ပေ)အမြင့်အထိ
ရေတက်ခဲ့ပြီး လေဆိပ်သွားရာလမ်းကို ရေလွှမ်းမိုးခဲ့သည်ဟု သတင်းများအရ သိရှိရသည်။
ပင်လယ်ရေဒဏ်ခံနိုင်မည့် တံတိုင်းများ အလျင်အမြန်ဆောက်လုပ်နေကြောင်း၊ယင်းတံတိုင်းများကို
သဲအိတ်များဖြင့်ဆင့်ကာ ကာရံထားပြီး ရေစုပ်ထုတ်ရန် ရေစုပ်ပန့်များကို လွယ်လင့်တကူထားရှိကြောင်း
ရဲတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ စီတီယာဝမ်က ပြောကြားသည်။
0 comments:
Post a Comment