နှစ်(၆၀)ပြည့် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅)ရပ်
နှစ်(၆၀)ပြည့် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် ငါးရပ်ကို နေ့စဉ်သတင်းစာများနဲ့ စာနယ်ဇင်းများမှာ ဖော်ပြနေတာကို ဂရုတစိုက် ဖတ်ရှုမှတ်သားမိပါတယ်။ အဲ့ဒီငါးရပ်အနက် ပထမနဲ့ ဒုတိယ ဦးတည်ချက်များဟာ ဒို့တာဝန်အရေးသုံးပါးကို မီးမောင်းထိုးပြထားခြင်းဖြစ်ပါတယ်။ ဒို့တာဝန်အရေးသုံးပါးဟာ နိုင်ငံတော်အတွင်းက တိုင်းရင်းသားပြည်သူအားလုံးက လိုက်နာဆောင်ရွက်ရမယ့် အမျိုးသားရေးတာဝန်များဖြစ်ကြောင်း သတိပေးထား ခြင်းလို့ သဘောပေါက်မိပါတယ်။
တတိယအချက်မှာ “အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် အမျိုးသားညီလာခံက ချမှတ်ခဲ့သော အခြေခံမူများနှင့် အသေးစိတ်အခြေခံရမည့်မူများနှင့်အညီ ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး”လို့ ချမှတ်ထား ပါတယ်။ စက်တင်ဘာလအတွင်းက အမျိုးသားညီလာခံကြီး အောင်အောင်မြင်မြင်ကျင်းပပြီးစီးခဲ့ပြီးနောက်မှာ ဆက်လက်ဆောင်ရွက်ရမယ့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးမူကြမ်း၊ ရေးဆွဲရေးကော်မရှင် ဖွဲ့စည်းခဲ့တာတွေ၊ ကော်မရှင်မနေနဲ့လည်း ကိုယ့်အတွင်းမှာ လိုအပ်တဲ့အဖွဲ့များ ထပ်မံဖွဲ့စည်းတာဝန်ခွဲဝေ ဆောင်ရွက်နေကြတာတွေ အားလုံးသိနေကြပြီး ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုအနေနဲ့ကလည်း ဒီတစ်စိတ်တစ်ပိုင်းအောင်မြင်မှုရပြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကိစ္စကို ဘယ်အဖျက်အမှောက်နည်း လမ်းကြောင့်ဖြစ်ဖြစ် လက်လွှတ်ဆုံးရှုံးမသွားရအောင် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုမယ်ထင်ပါတယ်။
စတုတ္ထအချက်မှာ “ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးတို့အတွက် တိုင်းရင်းသားအားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင် ရွက်ရေး”လို့ ချမှတ်ထားပါတယ်။ ဒါကျွန်တော်တို့ရဲ့ အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်ပဲဖြစ်ပါတယ်။ ဒီပန်းတိုင်ကို လျှောက်ဖို့ ကျွန်တော်တို့တွေ တက်ညီလက်ညီ ကြိုးပမ်းချီတက်မှ ရမှာပါ။ သူတစ်လူ ငါတစ်မင်း အကွဲကွဲ အပြားပြား၊ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြောဟုတ်နိုးနိုးနဲ့ ယောင်ကန်းကန်းလုပ်နေကြရင် ပန်းတိုင်ကို ရောက်ဖို့ ခက်ခဲကြန့်ကြာမှာပေါ့ဗျာ။
နောက်ဆုံးအချက်က “နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ် အောင်မြင်ရေးအတွက် တိုင်းရင်း သားအားလုံးက ပြည်ထောင်စုစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်၊ စွန့်လွှတ်စွန့်စားသည့်စိတ်ဓါတ် အပြည့်အ၀ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး” ဖြစ်ပါသည်။ ပြည်ထောင်စုစိတ်ဓါတ်ဆိုရာမှာလည်း မှန်ကန်တဲ့ခံယူချင်ပေါ်က ပေါက်ဖွားလာတာမဟုတ်ရင် မျက်ကန်းမျိုးချစ်ဖြစ်သွားတတ်ကြောင်း၊ မျက်ကန်းမျိုးချစ်ဖြစ်သွားရင် မှားယွင်တဲ့ ယုံကြည်ချက်ကြောင့် အဖျက်သမားဖြစ်သွားနိုင်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၁၀)သင်တန်းဆင်းပွဲ မိန့်ခွန်းမှာ ဖတ်ရှု့လေ့လာ နိုင်ပါတယ်။
အားလုံးကိုခြုံကြည့်ရင် နှစ်(၆၀)ပြည့် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်(၅)ရပ်ဟာ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အလေးအနက်ထား လိုက်နာကျင့်ကြံရမယ့်၊ ကြိုးပမ်းအားထုတ်ရမယ့် တာဝန်တွေကို သတိပေး နှိုးဆော်ထားခြင်းဖြစ်ကြောင်း ဝေငှဖြန့်ဖြူးပေးလိုက်ပါတယ်။
0 comments:
Post a Comment