မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်တင်ငွေနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ဒီဇင်ဘာ ၁၈ ရက်၊ ညနေပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်စေတီတော်သို့ သွားရောက်ပြီး မဟာအံ့ထူးကံသာ ဆုတောင်းပြည့် မြတ်စွာဘုရားအား ဖူးမြော်ကြည်ညိုသည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အလှူငွေများကို ဂေါပကအဖွဲ့ဥက္ကဌသို့ ပေးအပ်လှူဒါန်းသည်။ ယင်းနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဖွဲ့ဝင်များသည် ၂၀၀၇ခုနှစ်၊ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် စေတီတော် တန်ဆောင်တိုင်ပွဲတော် ဆုရဓါတ်ပုံများကို ကြည့်ရှု့ကြသည်။