ကေအင်န်ယူ အကြမ်းဖက်သောင်းကျန်းသူများ လက်နက်အားကိးပြီး ခရီးသည်တင်မော်တော်အား ဆွဲမိုင်းဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်၊ အပြစ်မဲ့ပြည်သူများ သေဆုံး


ကေအင်န်ယူအကြမ်းဖက် သောင်းကျန်းသူများသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို နှောက်ယှက်ဖျက်ဆီးခြင်း။ အပြစ်မဲ့ပြည်သူများအပေါ် လက်နက်အားကိုး အနိုင်ကျင့် ဗိုလ်ကျခြင်း၊ လူသတ်၊မိုင်းထောင်၊ လုယက်၊ ဓါးပြတိုက်၊ ဆက်ကြေးတောင်း၊ မီးရှို့ဖျက်ဆီးခြင်း စသည့် အဖျက် အမှောင့်လုပ်ရပ်များကို အဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။
ဒဏ်ရာရရှိ
ရှင်းလင်းချေမှုန်း
ဒဏ်ရာရရှိကြသည့် လူနာများအား သက်ဆိုင်ရာတာဝန်ရှိသူများက ကော့ကရိတ်ပြည်သူ့ဆေးရုံသို့ပို့ဆောင် ၍ လိုအပ်သော ကူညီပံ့ပိုးမှုများနှင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ ကေအင်န်ယူ အကြမ်းဖက်သောင်းကျန်းသူများနောက်သို့ နယ်မြေခံတပ်မတော်စစ်ကြောင်းများက ထပ်ကြပ်လိုက်လံ ရှင်းလင်းချေမှုန်းလျက်ရှိကြောင်း သိရပါသည်။
0 comments:
Post a Comment