အမေရိကန်နိုင်ငံတစ်ဝန်း၏ အိဒ်စ်ရောဂါ ဖြစ်ပွားမှု အခြေအနေကို လေ့လာသောအခါ
ဝါရှင်တန်ဒီစီတွင်နေထိုင်သူများ၌ ယင်းရောဂါဖြစ်ပွားနှုန်း အမြင့်ဆုံးရှိနေသည်ကို တွေ့ရသည်။ ထိုဒေသနေ ပြည်သူများအတွင်း မွေးဖွားလာသော ကလေးငယ် အများအပြားတွင် မွေးကတည်းက အိဒ်စ်ရောဂါ ဗိုင်းရပ်စ်ပိုး ပါလာသည်ကိုတွေ့ရကြောင်း နိုဝင်ဘာ ၂၅ ရက်က ထွက်ပေါ်လာသော ကျန်းမာရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။
အမေရိကန်တွင် ၂၀၀၆ ခုနှစ်က ပျမ်းမျှအားဖြင့် လူဦးရေ ၁၀၀၀၀၀ လျှင် အိဒ်စ်ရောဂါဖြစ်ပွားသူ ၁၄ ဦးရှိသည်။ သို့သော် လူဦးရေ ၆၀၀၀၀၀ နေထိုင်သော ၀ါရှင်တန်ဒီစီ၌မူ အိဒ်စ်ရောဂါ ဖြစ်ပွားနှုန်းသည် လူဦးရေ ၁၀၀၀၀၀ လျှင် ၁၂၈ ဦး အထိ ရှိနေသည်ကို တွေ့ရသည်ဟု ဆိုသည်။ ၂၀၀၅ ခုနှစ်က ရင်ခွင်ပိုက်ကလေးငယ်များတွင်အိဒ်စ်ရောဂါ ဖြစ်ပွားနှုန်း ကိုးရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။
ဝါရှင်တန်ဒီစီတွင် အိပ်ခ်ျအိုင်ဗွီရောဂါပိုး တွေ့ရသူဦးရေသည် ၁၂၄၂၈ ဦး ရှိသည်။ ယင်းအနက် ၈၀ ရာခိုင်နှုန်းသောလူဦးရေသည် လူမည်းများဖြစ်သည်။