ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ၌ အအေးပိုလာ၍ သဘာဝဘေးအန္တရာယ်ဇုန်အဖြစ်ကြေညာထားရ
ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွင် ယခုနှစ်၌ ပုံမှန်မဟုတ်ဘဲ ထူးထူးကဲကဲ ချမ်းအေးလာသဖြင့် အနွေးထည်များ ပြတ်လပ်သည့်အခြေအနေနှင့် ကြုံတွေ့ရလျက်ရှိသည်။ ထို့အပြင် အအေးပိုလာသည့်အတွက် အပူပိုင်းနိုင်ငံ၏ အဆိုပါ ဒေသများတွင် သဘာဝအန္တရာယ်ကျရောက်နေသောဇုန်အဖြစ် ကြေညာထားရသည် ။ မြောက်ပိုင်း ချင်းမိုင်ပြည်နယ်နှင့် အနိမ့်ပိုင်းဒေသတွင် အပူချိန်သည် ၁၅ ဒီဂရီဆဲစီးယပ်စ်အထိ သုံးရက်ဆက်တိုက် ဖြစ်ပေါ်နေပြီး နောက်ပိုင်းလည်း ဆက်လက်၍ အပူချိန်ကျဆင်းရန်ရှိနေသည်ဟု ဆိုသည်။ ထိုအခြေအနေများကြောင့် ပြည်နယ်အုပ်ချုပ်ရေးမှူး ၀ီဘွန်စွန်ဂန်ပေါင်သည် နိုဝင်ဘာ ၂၉ ရက်က အဆိုပါဒေသကို သဘာဝအန္တရာယ်ကျရောက်နေသော ဇုန်နယ်မြေအဖြစ်ကြေညာခဲ့သည်။ ထူးကဲသောအအေးဒဏ်ကြောင့် ပြည်သူ ၃၀၀,၀၀၀ တို့ အခက်အခဲနှင့် ကြုံနေရသည့်အတွက် အနွေးထည်နှင့်ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေရန် ပြည်နယ်ဘတ်ဂျက်မှ ဘတ်ငွေသန်း ၅၀ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၂ သန်း) ကို ခွင့်ပြုပေးလိုက်ပြီဖြစ်သည် ။ အရှေ့မြောက်ပိုင်း လိုအီပြည်နယ်တွင် ပြည်သူများအတွက် စောင် ၅၀၀၀၀
ဝေငှပေးပြီးသည့်တိုင်အောင် ထပ်မံလိုအပ်နေဆဲဖြစ်ကြောင်း သိရသည် ။ ထိုပြည်နယ်တွင် အပူချိန်သည် ၉ ဒသမ ၇ ဒီဂရီဆဲစီးယပ်စ်အထိပင်ကျဆင်းကြောင်း သတင်းက ဖော်ပြသည် ။
0 comments:
Post a Comment