အင်ဒိုနီးရှားနိုင်ငံတွင် ငလျင်လှုပ်၊ နှစ်ဦးသေ၊ ၂၆ ဦး ဒဏ်ရာရ
အင်ဒိုနီးရှားနိုင်ငံ ဒူဆာတန်ဂါရာပြည်နယ် အနောက်ပိုင်းတွင် တနင်္ဂနွေနေ့ ညပိုင်းနှင့် တနင်္လာနေ့ နံနက်ပိုင်းက ၆ ဒသမ ၇နှင့် ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်မှုကြောင့် ငါးနှစ်နှင့် ၁၀နှစ်အရွယ် နှစ်ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရှိကြောင်း ၊ အဆောက်အအုံ အများအပြား ပြိုကျပျက်စီးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံရေးအေဂျင်စီက တနင်္လာနေ့တွင် ပြောကြားသည်။
ရာဘာမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၅၀ အကွာကို ဗဟိုပြုလျက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၂ မိနစ် တွင် ၆ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခဲ့ကြောင်း၊ သုံးနာရီကြာပြီးနောက် ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင် ထပ်မံလှုပ်ခဲ့ကြောင်း အင်ဒိုနီးရှား မိုးလေ၀သနှင့် ဘူမိရူပဌာနက ပြောကြားသည်။
စက်တင်ဘာလကလည်း အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရှိ ဘန်ကူလူပြည်နယ်တွင် ၇ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ရှားမှုကြောင့် ၂၃ ဦး သေဆုံးပြီး ထောင်ပေါင်းများစွာသော အဆောက်အအုံများ ပျက်စီးခဲ့သည် ။
0 comments:
Post a Comment