အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသည့် ကုလသမဂ္ဂ၏ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဖရင့်ကာလ ရုတ်ရုတ်သဲသဲဖြစ်စေရန် ကြံ စည်သည်ဟု မသင်္ကာရသော လူငယ် ၁၈ဦးကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃ရက်တွင် ထိန်းသိမ်းလိုက်သည်။
ဘာလီကျွန်းဒေသ ကရန်ဂါဆမ်ခရိုင် ပဒန်ဘာဆိပ်ကမ်းအနီး သင်္ဘောပေါ်တွင် အဆိုပါ လူငယ်များကို ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ရေ ကြောင်းရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ယင်းလူငယ် ၁၈ဦးသည် ဘာလီသို့ လာရောက်၍ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ဖရင့်တွင် ဆူဆူပူပူလုပ်နိုင်သည်ဆိုသော သတင်းအရ ဖမ်းဆီးခြင်းဖြစ်သည်ဟု ဘာလီပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ အေ၊အက်စ်ရီနီဘန်က ပြောကြားသည်။