အာဖဂန်နစ္စတန်နိုင်ငံရှိ ထိန်းသိမ်းရေးစခန်းနှင့် ပတ်သက်၍ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာသည် အခြေအမြစ် မရှိကြောင်း အာဖဂန်ထောက်လှမ်းရေးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ အာဖဂန်နစ္စတန် အမျိုးသားလုံခြုံရေး ညွှန်ကြားရေးမှူးရုံး အောက်ရှိထိန်းသိမ်းရေးစခန်းများနှင့် ပတ်သက်၍နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ အစီရင်ခံစာပါ ဖော်ပြချက်များသည် မမှန်ကန်သော သတင်းများကို အခြေပြု၍ ရေးသားထားကြောင်း ပြောရေးဆိုခွင့်ရှိသူ ဆေယက်အန်ဆာရာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သည်။
အာဖဂန်တွင် စခန်းချထားသည့် နိုင်ငံတကာတပ်ဖွဲ့များက အကျဉ်းသားများကို အာဖဂန်အမျိုးသား လုံခြုံရေးညွှန်ကြားရေးမှူးရုံးသို့ လွဲ ပြောင်းမပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းထားသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းအကျဉ်းသားများ ညှင်းပန်နှိပ် စက်ခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ အာဖဂန် လူ့အခွင့်အရေးကော်မရှင်နှင့် နိုင်ငံတကာ ကြက်ခြေနီတို့က ယင်းထိန်းသိမ်းရေးစခန်း များသို့ သွားရောက်လေ့လာခဲ့ကြပြီး ကျေနပ်မှုရှိသည်ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊သို့ဖြစ်၍ မမှန်မကန်ဖော်ပြသည့် အဆိုပါ အစီရင်ခံစာကို မိမိတို့ ပယ်ချကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
အာဖဂန်နစ္စတန် အမျိုးသား လုံခြုံရေးဌာနသည် နိုင်ငံရေးနှင့် ကင်းရှင်းသော အဖွဲ့အစည်းဖြစ်ပြီး ယင်းဌာနအောက်ရှိ ထိန်းသိမ်းရေး စခန်းများ၌ လူ့အခွင့်အရေးချိုးဖောက်မှုမရှိကြောင်း ၎င်းက ပြောကြားသည်။