အ၀လွန်သောကလေးများ ကြီးလာလျှင် နှလုံးရောဂါဖြစ်နိုင်
ကလေးဘ၀၌ အ၀လွန်ခြင်းသည် အသက်ကြီးလာသောအခါ နှလုံးရောဂါဖြစ်နိုင်သည့် အန္တရာယ်ပိုများလာကြောင်း တွေ့ရှိရသည်။ ဤလေ့လာတွေ့ရှိချက်ကို နယ်သာလန်နိုင်ငံသား ကလေးသူငယ်ပေါင်း ၂၇၆၀၀၀ (နှစ်သိန်း ခုနှစ်သောင်း ခြောက်ထောင်) အားလေ့လာပြီး တင်ပြခဲ့ခြင်းဖြစ်သည်။
၁၉၅၅ ခုနှစ်မှ ၁၉၆၀ နှစ်များအကြားတွင် နယ်သာလန်နိုင်ငံသား ကလေးသူငယ်ပေါင်း ၂၇၆၈၅၃ ဦးကို အရပ်အမြင့်နှင့် အလေးချိန် များ တိုင်းတာထားခဲ့ပြီး ၁၉၇၇ ခုနှစ် နှင့် ၂၀၀၁ ခုအကြား၌ အဆိုပါ လူငယ်များ၏ လက်ရှိဆေးမှတ်တမ်း၊ ကျန်းမာရေးမှတ်တမ်းများကို ပြန်လည်လေ့လာပြီးနောက် ကောက်ချက်ချထုတ်ပြန်ခဲ့ခြင်းလဲဖြစ်သည်။
အသက် ၇နှစ်အရွယ်၌ အရပ် ၄ပေ ၁လက်မရှိသူကလေးတစ်ဦးသည် ကိုယ်အလေးချိန် ၆၁ပေါင်ရှိလျှင် အ၀လွန်သောကလေးတစ် ဦးဖြစ်နေပြီး အသက် ၂၅နှစ်မှ ၇၁နှစ် အကြား နှလုံးရောဂါ ဖြစ်နိုင်ချေမှာ အခြားသာမန်ကလေးထက် ၁၂% ပိုများသည်။
အသက် ၁၃နှစ်အရွယ်တွင်အရပ် ၅ပေ ၁လက်မရှိပြီး ခန္ဓာကိုယ်အလေးချိန် ၁၂၁ပေါင်ရှိနေသည့်ကလေးတစ်ဦးသည် ထိုအသက် အရွယ်၊ ထိုအရပ်အမြင့်၌ ပုံမှန်ကိုယ်အလေးချိန် ၉၆ပေါင်ခွဲသာရှိသည့် ကလေးတစ်ဦးထက် နှလုံးရောဂါဖြစ်နိုင်ချေ ၃၄% ပိုများသည်။ အကယ်၍ အဆိုပါ အသက်အရွယ်၌ အရပ်အမြင့် ၅ပေ ၁လက်မသာရှိပြီး ကိုယ်အလေးချိန် ၁၃၂ပေါင်ခွဲရှိလျှင် ထိုကလေး၏ နှလုံးရောဂါဖြစ်နိုင်ချေမှာ ၅၁% ပိုများနေသည်။
သို့သော်ငယ်စဉ်ဘ၀က ၀ခဲ့ပြီး အသက်ကြီးလာသောအခါ တဖြေးဖြေးပိန်သွားသူ လူငယ်များအနေနှင့်နှလုံးရောဂါဖြစ်နိုင်ချေ လျော့ကျသွားကြောင်း ကိုတွေ့ရသည်။
ထို့ကြောင့် အ၀လွန်သောကလေးများ၏ ကျန်းမာရေးကို ယခုထက် ပို၍ကြိုတင်စောင့်ရှောက်ရန် လိုအပ်နေပေသည်။
0 comments:
Post a Comment