နော်ဝေနိုင်ငံရှိ ပြည်သူများသည် ၎င်းတို့၏နိုင်ငံဥရောပသမဂ္ဂသို့ဝင်ရောက်ရေးနှင့်ပတ်သက်၍ သဘောဆန္ဒပေးကြရာ၌ အများအပြားက ကန့်ကွက်ကြောင်း ပြည်သူ့သဘောထားကောက်ယူရာ၌ လေ့လာတွေ့ရှိရသည်ဟု အော်စလိုမြို့မှ တနင်္လာနေ့တွင် ထွက်ပေါ်လာသတင်းက ဖော်ပြသည်။
ပြည်သူ့သဘောထားကောက်ယူရာတွင် ၅၃ဒဿမ၄ရာခိုင်နှုန်းသော ပြည်သူများက ဥရောပသမဂ္ဂတွင် ၀င်ရောက်လိုကြောင်း သဘောထား ပေးသော အချိုးအစားသည် ၃၄ဒဿမ၆ရာခိုင်နှုန်းရှိပြီး ဝေခွဲ၍မရကြောင်း ပြန်ကြားသောအုပ်စုမှာ ၁၂ရာခိုင်နှုန်းရှိသည်ဟု နော်ဝေနိုင်ငံ ပြည်သူ့သဘောထားကောက်ယူရေးအဖွဲ့ စင်တီယိုက ဖော်ပြသည်။
သို့ဖြစ်၍ ထောက်ခံသူနှင့် မထောက်ခံသူအုပ်စုအကြား ကွာခြားမှုသည် အတော်များပြားနေသည်ကို တွေ့ရကြောင်း၊ ၂၀၀၆ခုနှစ် မေလ သဘောထား ကောက်ယူစဉ်ကထက် မထောက်ခံသူဦးရေက ပိုမိုများပြားလာသည်ဟု စင်တီယိုအဖွဲ့၏ လေ့လာချက်က ညွှန်ပြနေသည်။ နော်ဝေနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂ အဖွဲ့သို့ ၀င်ရောက်ရေးနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပမည် မဟုတ်သော်လည်း ပြည်သူများ အနေဖြင့် သဘောထားမည်သို့ရှိသည်ကို မကြာခဏ လေ့လာစူးစမ်းလေ့ရှိသည်။