ဂျက်လေယာဉ်တစ်စင်းကို ဇီဝလောင်စာအသုံးပြု၍မောင်းနှင်သည့် စမ်းသပ်မှုကို အမေရိကန်နိုင်ငံ
နီဗာဒါးပြည်နယ် ရေနိုတွင် ပြုလုပ်ခဲ့ကြောင်း ယနေ့  အင်တာနက်သတင်းတွင် ဖော်ပြသည်။
ဇီဝလောင်စာဖြင့် ဂျက်လေယာဉ်မောင်းနှင်သည့် စမ်းသပ်မှုပြုလုပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ယူကရိန်းစစ်ဘက်မှ ရရှိခဲ့သည့် စစ်လေယာဉ်ဟောင်းတစ်စင်းကို အသုံးပြုကာ စမ်းသပ်ခဲ့ကြောင်း၊ ယင်းလေယာဉ်မှာ ၁၉၆၈ ခုနှစ်ထုတ် အယ်လ်-၂၉ ချက်ကိုစလိုဖက်ကီးယား အမျိုးအစားလေယာဉ်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ လေယာဉ်တွင် လောင်စာအပူပေးစနစ်တပ်ဆင်ထားပြီး ဇီဝလောင်စာဆီကို အေးမြသည့်အပူချိန်၌သိုလှောင်ထားရှိနိုင်ကြောင်း
ဂရင်းဖလိုက်အင်တာနေရှင်နယ် အဖွဲ့ ဥက္ကဌ ဒပ်ရိုဒန့် က ပြောကြားသည်။
ဇီဝလောင်စာဖြင့် ဂျက်လေယာဉ်မောင်းနှင်သည့် စမ်းသပ်ချက်အရ ယင်းလေယာဉ်သည် ဇီဝလောင်စာကို အသုံးပြု၍ သုံးမိနစ်ကြာပျံသန်းခဲ့သည်။
ဇီဝလောင်စာ ၂၀ ရာခိုင်နှုန်းနှင့် ဂျက်လေယာဉ်ဆီအရောအနှောကို အသုံးပြုကာ
လေယာဉ်မောင်းနှင် နိုင်မည့်အခြေအနေကို မိမိတို့ လေ့လာတွေ့ ရှိရကြောင်း လက်ရှိဂျက်လေယာဉ်များကို တည်ဆောက်ပုံအရ ပုံစံပြောင်းလဲရခြင်း မရှိဘဲ ဇီဝလောင်စာကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရိုဒန့် က ပြောကြားသည်။
ဇီဝလောင်စာအသုံးပြု၍ ခရီးရှည်ပျံသန်းမှုပြုလုပ်ရေးကိစ္စနှင့် ပတ်သက်၍ ဖက်ဒရယ်မြို့ ပြလေကြောင်းဌာန၏
ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း ၄င်းက ပြောကြားသည်။