နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည်
ဒို့တာဝန်အရေးသုံးပါးကိုကာကွယ်စောင့်ရှောက်ရေး၊ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော်ရှေ့ ဆက်သွားမည့်မူဝါဒလမ်းစဉ်(၇)ရပ်ကို ပြီးမြောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရးတို့ကို စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပါသည်။ ဤကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် အမျိုးသားညီလာခံကြီးကို အောင်မြင်စွာကျင်းပပြီးစီးနိုင်ခဲ့ခြင်းကိုလည်းကောင်း ၊ နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇)ရပ်အနက် တတိယအဆင့်ဖြစ်သည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်းရေးဆွဲရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများစတင်ဆောင်ရွက်နိုင်သည့် အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်တွင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ကမ္ဘာ့ကုလသမဂ္ဂအသင်းကြီး အပါအ၀င် နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းလက်တွဲဆောင်ရွက်မှု အထိမ်းအမှတ်အဖြစ်လည်းကောင်း ရည်ရွယ်ရှေးရှုလျက် ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှ ဒီဇင်ဘာ ၃ ရက်အတွင်း အပြစ်ကျခံနေရသူ အကျဉ်းသား ၈၅၈၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း သိရှိရသည်။ ဖော်ပြပါ အကျဉ်းသားများ၌ နိုဝင်ဘာ ၃၀ ရက်တွင် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သော ထိုင်းအကျဉ်းသား ၃၃ ဦးလည်းအပါအ၀င်ဖြစ်ကြောင်း သိရှိရသည် ။