ထိုင်းနိုင်ငံတောင်ဘက် ယာလာပြည်နယ်တောင်ပိုင်းရှိ နယ်စပ်ပြည်နယ်အုပ်ချုပ်ရေးရုံးချုပ် (အက်စ်ဘီပီအေစီ) ကားရပ်နားသည့်နေရာ
အပါအ၀င်နေရာငါးခုတွင် နိုဝင်ဘာ၂၉ရက်က ဗုံးငါးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ သည်။ အဆိုပါဖြစ်ပွားမှုကြောင့် သေကျေဒဏ်ရာရရှိသူ မရှိချေ။ ယာလာပြည်နယ်၊ မောင်းခရိုင်ရှိ ကားအရောင်းပြခန်းအနီး ၊ လူနေရပ်ကွက် ၊ အက်စ်ဘီပီအေစီရုံးချုပ် ကားရပ်နားသည့်နေရာ ၊ သံတမန် ကုန်တိုက်ဘေးနှင့် စာရေးကိရိယာဆိုင်ရှေ့တွင် ဗုံးငါးလုံးပေါက်ကွဲကြောင်း နေရှင်းသတင်းစာက ရေးသားဖော်ပြ ထားသည်။