လစ်ဗျားနိုင်ငံသည် ၂၀၀၃ ခုနှစ်က လူအမြောက်အမြားသေစေသောလက်နက်များ ထုတ်လုပ်ခြင်းကို
စွန့် လွှတ်ခဲ့ပြီးဖြစ်သည်။
ထို့ အပြင် အင်အားနည်းသော နိုင်ငံများတွင် မြေမြှုပ်မိုင်းများ အသုံးပြုသည်ကို ခွင့်ပြုသင့်ပြီး တကယ်တမ်းတွင် လူအမြောက်အမြားကိုသေစေ သောစက်သေနတ်များကို ပိတ်ပင်သင့်သည်ဟု လစ်ဗျားခေါင်းဆောင် ကဒါဖီက တိုက်တွန်းလိုက်သည်။
ထိုတိုက်တွန်းချက်ကို ကဒါဖီသည် ၄င်း၏ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
မိမိအနေဖြင့် သမားရိုးကျလက်နက်တစ်မျိုးဖြစ်သည့် စက်သေနတ်အသုံးပြုခြင်းကို ပိတ်ပင်စေလိုသည်ဟု ရေးသားထားသည်။ ထိုလက်နက်သည် ထိုးစစ်အတွက်ဖြစ်စေ၊ ခံစစ်အတွက်ဖြစ်စေ အသုံးပြုနိုင်သော လက်နက်ဖြစ်သော်လည်း အခြားသော လက်နက်ကြီးများထက် အသေအပျောက်ပိုမိုဖြစ်ပေါ်စေသော သေနတ်အမျိုးအစားဖြစ်သည်ဟု အကြောင်းပြထားသည်။
မိုင်းလက်နက်များ အသုံးပြုခြင်းကို စွန့် လွှတ်သည့်စာချုပ်ကို လစ်ဗျားနိုင်ငံသည် ၁၉၉၇ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သည်။ သို့ သော် အောက်တိုဘာလကမူ သဘောထားပြောင်းသွားပြီးအင်အားနည်းပါးသော နိုင်ငံများတွင်မြေမြှုပ်မိုင်းကို ခံစစ်လက်နက်အဖြစ်
အသုံးပြုစေသင့်ကြောင်း အမြင်ကို လစ်ဗျားက တင်ပြခဲ့သည်။
ရေနံ တင်ပို့ ရောင်းချသောနိုင်ငံများအဖွဲ့ တွင်တစ်ချိန်ကလစ်ဗျားနိုင်ငံသည်ဦးဆောင်နိုင်ငံအဖြစ် အနှစ်၃၀ကျော် ကြာအောင် ရပ်တည်ခဲ့သည်။အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြေလည်စေရန် ရှေးရှု၍ အစုလိုက်အပြုံလိုက် သေစေသော လက်နက်များ ထုတ်လုပ်ရေးကိစ္စကို လစ်ဗျားနိုင်ငံက စွန့် လွှတ်ခဲ့သည်။