အမေရိကန် အိုမာဟာမြို့ ကုန်တိုက်၌ ပစ်ခတ်မှုဖြစ်ပွား
အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်၊ အနောက်အလယ်ပိုင်း၊ နီဘရာစကားဒေသ၊ အိုမာဟာမြို့ရှိ ကုန်တိုက်တစ်ခုတွင် ဒီဇင်ဘာ(၅)ရက် ၊ မွန်းလွဲ ၁ နာရီက ခရစ္စမတ်အကြိုဈေးဝယ်ထွက်သူများနှင့် စည်းကားနေ ချိန်ဖြစ်သည်။
ပစ်ခတ်
ယင်းအချိန်တွင် လသာဆောင်တစ်ခုမှ လူငယ်တစ်ဦးက ငြိမ်းချမ်းစွာသွားလာလှုပ်ရှားနေသော ခရစ္စမတ်အကြို ဈေးဝယ်ထွက်သူများရှိရာ လူအုပ်စုဆီသို့ သေနတ်ဖြင့် တရစပ်ပစ်ခတ်လိုက်သည်။ ရုတ်တရက်ပစ်ခတ်မှု ကြောင့် ဈေးဝယ်လာသူများသည် ကမ္ဘာပျက်သည့်အလား ၀ရုန်းသုန်းကား ထွက်ပြေးကြရတော့သည်။
စိုးရိမ်ရ
ယင်းပစ်ခတ်မှုကြောင့် လူရှစ်ဦးပွဲချင်းပြီသေဆုံးခဲ့ချိန်တွင် ပစ်ခတ်သူကိုယ်တိုင်လည်း မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့သည်။ ထို့ကြောင့် သေဆုံးသူစုစုပေါင်း ကိုးဦးဖြစ်သည်။ ပစ်ခတ်မငတွင် ငါးဦးဒဏ်ရာရခဲ့သည့်အနက် နှစ်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိသည်။
ဝတ်စားချင်စိတ်
သေနတ်သမားလူငယ်မှာ အသ်က ၁၉ နှစ်အရွယ်ရှိ ရောဘတ်ဟော့ကင်းဆိုသူဖြစ်သည်။ ယင်းဖြစ်ရပ်မဖြစ်ပွားမီ အိမ်တွင် ၎င်းအနေဖြင့် အ၀တ်အစားကောင်းများ ၀တ်စားလိုစိတ်ရှိကြောင်း၊ ရေးသား ထားခဲ့သည့် စာကို ၎င်း၏မိခင်ဖြစ်သူကတွေ့ခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးက ပြောကြားခဲ့သည်။
ကျည်ကာဝတ်လေ့ရှိ
ဟော့ကင်းသည် လွန်ခဲ့သည့်နှစ်က ကျောင်းထွက်ခဲ့ကြောင်း၊ ဆံပင်တိုတိုညှပ်လေ့ရှိပြီး ကျောပိုးအိတ်ကိုအမြဲ လွယ်လေ့ရှိကာ ကျည်ကာအင်္ကျီ ၀တ်ဆင်လေ့ရှိကြောင်း မြို့ခံသတင်းစာများ၌ ဖော်ပြသည်။ လွန်ခဲ့သည့် နှစ်က ဟော့ကင်းသည် မိတ်ဆွေတစ်ဦး၏ မိသားစုနှင့်အတူ နေထိုင်ခဲ့သည်ဟု ဆိုသည်။
ှိ
်
0 comments:
Post a Comment