အရေးယူပိတ်ဆို့ခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်
အီရန်နိုင်ငံ၏ အငြင်းပွားဖွယ်ရာ နျူကလီးယားပြဿနာနှင့် ပတ်သက်၍ အနောက်အုပ်စုနိုင်ငံများနှင့် မပြေမလည်ဖြစ်နေချိန်တွင် ကုလသမ ဂ္ဂက နောက်ထပ်အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂ နွေနေ့တွင် ပြောကြားလိုက်သည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများက အီရန်နိုင်ငံကို ထပ်မံအရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန် ပြင်သစ်နိုင်ငံ ပါရီမြို့ ၌ စနေနေ့က ညှိနှိုင်းဆွေးနွေးပြီး နောက်တစ်ရက်တွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
အီရန်နိုင်ငံ၏ အဏုမြူလက်နက်အစီအစဉ် ရပ်ဆိုင်းစေရန် အီရန်နိုင်ငံ၏ နျူကလီးယား ညှိနှိုင်းရေးမှူးချုပ်နှင့် ဆွေးနွေးခဲ့ကြောင်း ဥရောပ သမဂ္ဂ ထိပ်တန်းသံတမန် ဆိုလာနာက ပြောကြားသည်။ အင်အားကြီးနိုင်ငံများနိုင်ငံက အရေးယူပိတ်ဆို့ခြင်းသည် အကျိုးမရှိနိုင်ကြောင်း အီ ရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အလီဟော့စိန်နီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
0 comments:
Post a Comment