ကမ္ဘာကြီးပူနွေးလာမှုနှင့် ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့ထုတ်လွှတ်မှု
ကမ္ဘာ့ရာသီဥတု လျင်မြန်စွာပြောင်းလဲလာမှုနှင့်အတူ သဘာဝတောတောင် ရေမြေသယံဇာတပစ္စည်းများ မူလ ခန့်မှားထားသည့်အချိန်ထက် လျင်မြန်စွာ ခန်းခြောက်ပျက်စီးလာလျက်ရှိနေသည်။ ရာသီဥတုပြောင်းလဲလာမှု က လူသားတို့၏ လူမှုဘ၀နေထိုင်မှုအပေါ် ခြိမ်းခြောက်လာလျက်ရှိနေသည်။
ကျင်းပ
ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွင် ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့များ ပိုမိုထုတ်လွှတ်လာမှုနှင့် တိုက်ရိုက် ဆက်စပ်လျက်ရှိသည်ဖြစ်ရာ ထိုရပ်ဖြစ်ရပ်များကို ထိန်းချုပ်နိုင်စေရန်အတွက် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ နူဆာဒူနာမြို့၌ ရာသီဦးတုပြောင်းလဲမှုဆိုင်ရာ ကမ္ဘာ့ညီလာခံတစ်ရပ်ကို ဒီဇင်ဘာ ၃ ရက်မှ ၁၄ ရက်အထိ ကျင်းပလျက် ရိှသည်။
ဆွေးနွေး
ကုလသမဂ္ဂကကြီးမှူးကျင်းပသည့် အဆိုပါညီလာခံတွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် ဖန်လုံအိမ်အာနိသင်ထုတ် လွှတ်မှုလျှော့ချရေးအပေါ် ဦးစားပေးဆွေးနွေးလာမှု၏ အဓိကအချက်တစ်ရပ်ဖြစ်သည့် ဖန်လုံအိမ်အာနိသင် ဓါတ်ငွေ့ထုတ်လွှင့်မှု လုံးဝဖြတ်တောက်ရေးအထိ စဉ်းစားကြရန် တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြ သည်။
ကမ္ဘာ့ရာသီဥတုပူနွေးလာမှုကြောင့် သစ်တောသစ်ပင်များ ပျက်စီးဆုံးသည့် အင်ဒိုနီးရှားနိုင်ငံတစ်နိုင်ငံတည်း၌ ပင် ၄၇ နှစ်အတွင်း သစ်တောဧရိယာများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံ သစ်တောဧရိယာ၏ ၈၅ ရာခိုင်နှုန်းမှာ ပျက်စီးဆုံးရှုံးမှုအန္တရာယ်နှင့် ကြုံတွေ့ရင်ဆိုင်နေရသည်။
ကမ္ဘာ့ရာသီဥတုပူနွေးလာမှုကြောင့် သစ်တောသစ်ပင်များ ပျက်စီးဆုံးသည့် အင်ဒိုနီးရှားနိုင်ငံတစ်နိုင်ငံတည်း၌ ပင် ၄၇ နှစ်အတွင်း သစ်တောဧရိယာများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံ သစ်တောဧရိယာ၏ ၈၅ ရာခိုင်နှုန်းမှာ ပျက်စီးဆုံးရှုံးမှုအန္တရာယ်နှင့် ကြုံတွေ့ရင်ဆိုင်နေရသည်။
တိုက်တွန်း
ကမ္ဘာတစ်ဝန်းတွင် ဖန်လုံအိမ်အာနိသင်ထုတ်လွှင့်မှု သိသာစွာလျော့ကျနိုင်ရေးအတွက် မည်သို့သောနည်း လမ်းအားဖြင့် အသုံးပြုရန် လိုအပ်သည်ကိုလည်း ကမ္ဘာ့ရာသီဥတုဆိုင်ရာ သုတေသနပညာရှင်များက အလျင် အမြန် နည်းလမ်းရှာဖွေကြရန်လည်း ယခုညီလာခံက တိုက်တွန်းလိုက်ပြီဖြစ်သည်။
ပိုများလာ
ကမ္ဘာ့လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ဖြစ်တည်မှု ပမာဏတစ်နေ့တခြားပိုမိုများလာခြင်းသည် ကမ္ဘာတစ်ဝန်းပျံသန်းနေကြသော ခရီးသည်နှင့် ကုန်တင်ယာဉ်များ၏ ပယောဂနှင့်လည်း ဆက်နွယ်မှုရှိနေ ကြောင်း ညီလာခံသို့ တက်ရောက်လာသော ရာသီဥတုဆိုင်ရာ ပညာရှင် မိုက်ကယ်မိုလီတာက သတိပေးပြော ကြားလိုက်သည်။
သတိပေး
ထို့အတူဖန်လုံးအိမ်အာနိသင် ထုတ်လွှင့်မှုလျှော့ချရေးတွင် စက်မှုအင်အားကြီးနိုင်ငံများ၏ ကိုင်တွယ်ဖြေရှင်းမှု မှာ လိုအပ်ချက်များရှိနေသေးကြောင်း၊ ကန့်သတ်မှုမရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်၌ ဓါတ်ငွေ့ထုတ်လွှင့်မှု ကြောင့် ကမ္ဘာ့လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ပမာဏမှာ တဖြည်းဖြည်းများပြားလာလျက်ရှိ ကြောင်း အင်ဒိုနီးရှားနိုင်ငံသစ်တောရေးရာဝန်ကြီး ဆူနာယိုက သတိပေးပြောကြားသည်။
ထောက်ခံခဲ့
နိုင်ငံတကာမှကိုယ်စားလှယ်များစွာ တက်ရောက်လျက်ရှိသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံတွင် ဖန်လုံအိမ်အာနိသင် ထုတ်လွှင့်မှုအပေါ် တစ်နိုင်ငံချင်းစီက တာဝန်ယူဆောင်ရွက်ကြပါရန် လိုအပ်သကဲ့သို့ ဒေသတွင်းအဖွဲ့အစည်းများကလည်း ပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းကို ညီလာခံသို့ တက်ရောက်လျက် ရှိသော ကိုယ်စားလှယ်များက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
အကျိုးသက်ရောက်
ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့် ကမ္ဘာကြီးပူနွေးလာမှုတို့သည် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၏ အကန့်အသတ် မရှိ ဖန်လုံအိမ်အာနိသင်ဓါတ်ငွေ့များ ထုတ်လွှင့်မှုနှင့် ဖွံ့ဖြိုးစနိုင်ငံများ၏ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့များ ထုတ်လွှင့်မှုများက ကမ္ဘာကြီးပူနွေးလာမှုကို ပိုမိုမြင့်မားစေရန် တွန်းအားပေးလျက်ရိှကြောင်းလည်း ညီလာခံ တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြရာ ယခုညီလာခံသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်တွင် အတိုင်းအတာ တစ်ရပ်အထိ အကျိုးသက်ရောက်မှုရှိနိုင်မည် ဖြစ်ပေသည်။
0 comments:
Post a Comment