အမေရိကန်၌ နှစ်စဉ် အိဒ်စ်ရောဂါ ကူးစက်ခံရသူ ၆၀၀၀၀ အထိ တိုးလာ
အမေရိကန်နိုင်ငံတွင် နှစ်စဉ်ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အိဒ်စ်) ကူးစက်ခံရသူဦးရေ ခန့်မှန်းချက်ကို အစိုးရက ပြင်ဆင်လိုက်ကြောင်း ၀ါရှင်တန်ပို့စ်သတင်းစာက စနေနေ့တွင် ရေးသားဖော်ပြသည်။ အမေရိကန်နိုင်ငံတွင် နှစ်စဉ်အိဒ်စ်ရောဂါကူးစက်ခံရသူဦးရေ ၄၀၀၀၀ ခန့်ရှိ မည်ဟု ယခင်က ခန့်မှန်းခဲ့ရာမှ ယခုအခါ ၅၅၀၀၀ မှ၆၀၀၀၀ အထိမည်ဟု ပြင်ဆင်လိုက်ကြောင်း၊ ပြင်ဆင်ချက်အရ အိဒ်စ်ရောဂါကူးစက်ခံရ သူဦးရေ ၅၀ရာခိုင်နှုန်း ပိုမိုများပြားလာကြောင်း ဖက်ဒရယ်ရောဂါ ထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး ဗဟိုဌာန(စီဒီစီ)၏ ပြောကြားချက် ကို ၀ါရှင်တန်ပို့စ်သတင်းစာက ဖော်ပြသည်။
အမေရိကန်နိုင်ငံရှိ ပြည်နယ် ၁၉ ခုနှင့် မြို့ကြီးများ၌ အိဒ်စ်ရောဂါကူးစက်ခံရမှု အခြေအနေအပေါ် အခြေခံကာ ယခင်ခန့်မှန်းချက်ကို ပြင်
ဆင်ပြောင်းလဲခြင်းဖြစ်သည်။ဖက်ဒရယ် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာနကမူ ခန့်မှန်းချက်အသစ်ကို ထုတ်ပြန်ကြေညာ ခြင်းမရှိပေ။ စီဒီစီသည် အမည်မဖော်သောပြင်ပသုတေသီများနှင့် ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများ၏ ခန့်မှန်းချက်အရ အိဒ်စ်ကူးစက်ခံရ သူဦးရေကို တိုးမြှင့်ခြင်းဖြစ်ကြောင်း ဝေါစထရိဂျာနယ်က ရေးသားသည်။ အိဒ်စ်ရောဂါကူးစက်ခံရသူဦးရေ ခန့်မှန်းချက်သစ် ပေါ်ထွက်လာ ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောကြားရန် စီဒီစီ လက်အောက်ရှိ အိဒ်စ်ရောဂါ တားဆီးကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ရောဘတ်ဂျန် ဆင်က ငြင်းဆိုသည်။
0 comments:
Post a Comment