အဓိကရုဏ်းဖြစ်နေစဉ်အတွင်းမှာ ဆူပူဆန္ဒပြသူတွေက ရဲတွေကို ပစ်ခတ်ခဲ့တဲ့အတွက် လူငယ်နှစ်ဦးသေဆုံးခဲ့တာကြောင့် ပြင်သစ်သမ္မတ ဆာကိုဇီက အကြမ်းဖက်ဆူပူသူတွေကို တရားဥပဒေရှေ့မှောက် အရောက်ပို့မယ်လို့ ကြုံးဝါးထားပါတယ်။
အဓိကရုဏ်းဖြစ်စဉ် အတွင်းမှာ ဒဏ်ရာရခဲ့တဲ့ ရဲသားတစ်ယောက်ကို သွာရောက်ကြည့်ရှု့ရင်း ဆာကိုဇီက ဒီလိုပစ်ခတ်မှုတွေဟာ သည်းခံနိုင်စရာမရှိဘူးလို့ ကြွေးကြော်ခဲ့ပါတယ်။
ရဲကားနဲ့တိုက်မိပြီး သေဆုံးသွားခဲ့တဲ့ ဆယ်ကျော်သက်ကလေးရဲ့
မိသားစုဝင် တွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ဥပဒေအရအရေးယူဖို့ စုံစမ်းစစ်ဆေးမယ်လို့ အာမခံခဲ့ပါတယ်။
မစ္စတာဆာကိုဇီဟာ ဗုဒ္ဓဟူးနေ့မှာ တရုတ်နိုင်ငံမှပြန်ရောက်ရောက်ခြင်း ဒဏ်ရာရထားတဲ့ အရာရှိ (၁၂၀)ကို သွားရောက် ကြည့်ရှု့ဖို့အတွက် အီဗိုနီဆေးရုံကို သွားရောက်ခဲ့ပါတယ်။
သုံးညတာ အဓိကရုဏ်းဖြစ်မှုတွေကို တားဆီးဖို့အတွက် မစ္စတာဆာကိုဇီဟာ အဓိက ၀န်ကြီးတွေနဲ့ခေါင်းချင်းရိုက်ဆွေးနွေးမှာဖြစ်ပါတယ်။
အင်္ဂါနေ့ညမှာ အကြမ်းဖက်မှုတွေလျော့နည်းလာခဲ့ပေမယ့် ပါရီရဲ့တစ်ချို့အစိတ်အပိုင်းတွေနဲ့ တောင်ပိုင်းထူလောင်းမြို့တို့မှာ လက်နက်နဲ့တိုက်ခိုက်မှုတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။
နောက်ထပ်အကြမ်းဖက်မှုတွေ မဖြစ်စေဖို့ ရဲတွေကို တိုးပြီးချထားခဲ့ပါတယ်။
အခြေအနေက အရင်နှစ်ညကထက် ပိုတည်ငြိမ်လာပေမယ့် အန္တရာယ်အငွေ့အသက်တွေ ရှိနေတုန်းပါပဲလို့ ပါရီမြို့နေ မစ္စတာဖီလွန်က ဆိုပါတယ်။
တရားဥပဒေစိုးမိုးဖို့ အမြန်ဆုံးလုပ်ဆောင်သင့်ပါတယ် လို့ ၎င်းက ထပ်လောင်းပြော ဆိုပါတယ်။