ထူးခြားဖြစ်စဉ် ကမ္ဘာတစ်ခွင်
တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်တန်ယင်မြို့ရှိ စိုက်ခင်းတစ်ခု၌ ဒီဇင်ဘာ၅ရက်က တူးဖော်တွေ့ရှိရသော အာလူးကြီးတစ်လုံးမှာ အ လေးချိန်၁၀ ကီလိုဂရမ်ရှိရာ တရုတ်နိုင်ငံတွင် အကြီးဆုံး အာလူးဖြစ်သည်။
ကနေဒါနိုင်ငံ အွန်တာရီရိုမြို့တွင် ဒီဇင်ဘာ၅ရက်က ဆီးနှင်းများ ထူထပ်သိပ်သည်းစွာ ကျဆင်းခဲ့သဖြင့် လမ်းများပေါ်၌ ဆီးနှင်းများ နှစ်ပေ ခန့်မြင့်တက်ခဲ့ရာ ခရီးသွားလာမှု ရပ်ဆိုင်းခဲ့သည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မြောက်ဘက်မိုင် ၃၀ခန့်အကွာ ကျေးရွာတစ်ရွာ၌ ဒီဇင်ဘာ၅ရက်က မြေပြိုမှုဖြစ်ပွားရာ သုံးဦးသေဆုံးပြီး နှစ်ဦး ပျောက်ဆုံးကာ နေအိမ်ငါးလုံး ပျက်စီးခဲ့သည်။
အီတလီနိုင်ငံ ပီဆာမြို့အနီးတွင် ဒီဇင်ဘာ၅ရက်က မြေအောက်မှကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာ အဆိုပါ ကျောက်ဖြစ်ရုပ် ကြွင်းသည် လွန်ခဲ့သော နှစ်ပေါင်းသုံးသန်းခန့်က ဒိုင်နိုင်ဆောတစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုဖြစ်ကြောင်း သုတေသနပညာရှင်များစွာက ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အနောက်ပိုင်းတွင် ဒီဇင်ဘာ၅ရက်က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ရာ နေအိမ်အများအပြား ရေနစ်မြုပ်ခဲ့သည်။
သီရိလင်္ကာနိုင်ငံမြောက်ပိုင်း အနုရာဒါမြို့တွင် ဒီဇင်ဘာ၅ရက်က ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားရာ လူ၁၅ဦးသေဆုံးပြီး ၂၃ဦး ဒဏ်ရာရရှိခဲ့ သည်။
အမေရှိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်ရှိ အဲဗာရက်မြို့တွင် ဒီဇင်ဘာ၅ရက်က မီးလောင်မှုဖြစ်ပွားရာ နေအိမ်အချို့ မီးလောင်ခဲ့ရ ကြောင်း၊ အဆိုပါမီးမှာ လောင်စာဆီများမှ တစ်ဆင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment