ကြွက်ငယ်များတွင် အရက်သောက်သုံးမှုနှင့်ပတ်သတ်၍ သြဇာသက်ရောက်စေသော မျိုးဗီဇဆဲလ်ကို လေ့လာရှာဖွယ်ရာ အရက်သောက်သုံးမှုနှင့် ဆက်နွယ်နေသည့် ယင်းဆဲလ်ကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိထားကြောင်း ဒီဇင်ဘာ ၅ ရက်တွင် ထုတ်ဖော်ပြောကြားသည်။
အလားတူမျိုးဗီဇမျိုးကို လူများတွင် ရှာဖွေနိုင်ပါက အရက်သုံးစွဲနေသူများကို ကုသပေးနိုင်မည့်ဆေးဝါးဖော်ထုတ်ရေး၌ အထောက်အကူပြုနိုင်မည်ဖြစ် ကြောင်း သိရသည်။
ယင်းသုတေသနလုပ်ငန်းကို နယူးယောက်တက္ကသိုလ်မှ သုတေသီဆာဘာဗီဒတ်စ် ဦးဆောင်သောအဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကြွက်ငယ်၏ ဦးနှောက်အတွင်း၌ Grm7mKNA ပစ္စည်းပါဝင်မှုမြင့်နေလျှင် အရက်သောက်သုံးမှုနည်းပါးသည်ကို တွေ့ရသည်ဟုဆိုသည်။