တာ့ခ်မင်နစ္စတန် ကက်စပီယန်ကမ်းခြေတွင်ခရိးသွားအပန်းဖြေစခန်း ဆောက်လုပ်ရေးစတင်
တာ့ခ်မင်နစ္စတန်နိုင်ငံ ကက်စပီယန်ကမ်းခြေတွင် အမေရိကန်ဒေါ်လာ၅ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်မည့် ခရီးသွားလုပ်ငန်း
ဆိုင်ရာစခန်း အုတ်မြစ်ချပွဲအခမ်းအနား ကို တနလာင်္နေ့က ကျင်းပသည်။ယခင်ကာလက နိုင်ငံတကာနှင့် အဆက်အသွယ်မပြု သီးခြား
နေထိုင်ခဲ့တာ့ခ်မင်နစ္စတန်နိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းဈေးကွက် အတွင်း ၀င်ရောက်လုပ်ကိုင်မည့် လက္ခဏာတစ်ရပ်ဖြစ်ကြောင်း
ရိုက်တာသတင်းတွင် ဖော်ပြသည်။
ဆာပါမြူရက်နီယာဇော့လက်ထက်တွင် ၂၁ နှစ်ကြာ နိုင်ငံတကာနှင့် လက်ပွန်းတတီးမရှိခဲ့ဘဲ တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့ရာမှ လွန်ခဲ့သည့်
တစ်နှစ်ခန့်ကဘာဒီမတ်ဟာမီဒေါ့ဗ် အုပ်ချူပ်ချိန်မှစ၍ တဖြည်းဖြည်းတံခါးဖွင့်ဝါဒကို ကျင့်သုံးလာသည်။ ပြည်ပရင်းနှီးမြူပ်နှံမှုကို ဖိတ်ခေါ်ပြီး ခရိးသွားလုပ်ငန်း လုပ်ကိုင်ရန်ဆောင်ရွက်ခဲ့သည်။
0 comments:
Post a Comment