ထူးခြားဖြစ်စဉ်ကမ္ဘာတစ်ခွင်

*ကမ္ဘောဒီးယားနိုင်ငံ ခိုနိုရီရာကျေးရွာတွင် ဒီဇင်ဘာ၇ ရက်နေ့ကမြေပြိုမှု ဖြစ်ပွားရာ နေအိမ်
လေးလုံး ပျက်စီးသွားကြောင်း၊ကျေးရွာသားများထိခိုက်မှုတစ်စုံတရာမရှိကြောင်း သိရသည်။
*အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တောင်ပိုင်း ကီလိုမီတာ၇၀၀ ခန့် အကွာ ပင်လယ်ပြင်၌ခရီးသည် သဘောင်္
တစ်စင်းဒီဇင်ဘာ ၇ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ခရီးသည်များအားလုံး ဘေးကင်ရာသို့လျင်မြန်စွာ
ပြောင်းရွှေ့ပေးနိုင်ခဲ့သည်။
*နီပေါနိုင်ငံခတ္တမန္ဒူမြို့အရှေ့ဘက် ကီလိုမီတာ ၁၇၀ ခန့်အကွာ တရီယူဂါ အရပ်တွင် ဒီဇင်ဘာ
၇ရက်က ဆင်တစ်ကောင်နင်းသတ်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့သည်။
*မလေးရှားနိုင်ငံတောင်ပိုင်း လူကော့ဘာတူကျေးရွာအနီးဝန်းကျင်ဒေသ များတွင် ဒီဇင်ဘာ၇ ရက်
က မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့်ရေလွှမ်းမှု များဖြစ်ပေါ်ကာ နေအိမ်များရေနစ်မြုပ်ခဲ့ရသည်။
*နယူးဇီလန်နိုင်ငံမှ စက်မှုပညာရှင်များက တီထွင်ထုတ်လုပ်လိုက်သောအမြန်ယာဉ်တစ်စင်းကို
ဂျက်ကလန်မြို့ ဆိပ်ကမ်းရေပြင် တွင် ဒီဇင်ဘာ၇ရက်က စမ်းသပ်မောင်းနှင်ခဲ့ရာ မီတာ၅၀၀ ကို ၁၈ စက္ကန့်
သာကြာမြင့်ကြောင်းသိရသည်။
*အိန္ဒိယနိုင်ငံ ချီကာဂိုမြို့တွင် ဒီဇင်ဘာ၇ရက်ကလက်ထပ်ပွဲ တစ်ခုသို့သွားသောဘတ်စ်ကား
တစ်စီးအရှန်မထိန်းနိုင်ဘဲလမ်းဘေးချောက်အတွင်းထိုးကျခဲ့ရာ ခရီးသည် ၁၀ဦးသေဆုံးခဲ့သည်။
*အမေရိကန်နိုင်ငံချီကာမြို့တွင်ဒီဇင်ဘာရက်က ဆီးနှင်းများထူထပ်သိပ်သည်းစွာ ကျဆင်းခဲ့
သဖြင့် လေယာဉ်ခရီးစဉ်များရွှေ့ဆိုင်းခဲ့ရာ လေဆိပ်၌ခရီုးသည်များစွာ သောင်တင်ခဲ့သည်။ှ
0 comments:
Post a Comment