ကားဗုံးဖောက်ခွဲသူတစ်ဦးသည်အာဖဂန်နိုင်ငံ၊ ကဘူးမြို့တွင် ပြည်ပတပ်ဖွဲ့ဝင်များ၏ မော်တော်ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်သဖြင့် အရပ်သားနှစ်ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့
အထက်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ကဘူးမြို့လယ်ရှိ ဗြိတိန်၊ ကနေဒါနှင့် ပါကစ္စတန် သံရုံးများအနီးရှိ ကာကွယ်ရေးဝန်ကြီးဌာန အဆောက်အအုံအပြင်ဘက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးခုနှစ်ဦးဒဏ်ရာရရှိခဲ့သည်။
ဗုံးပေါက်ကွဲမှုကြောင့်ပြည်ပတပ်ဖွဲ့ဝင်များနှင့်သံတမန်ဝန်ထမ်းများအသုံးပြုနေသည့် ကားသုံးစီး ပျက်စီးသွားပြီး လမ်း၌ ချိုင့်ကြီးပေါ်ပေါက်ခဲ့သည်။
အခြားသောအာဖဂန်အရပ်သားတစ်ဦးမှာလည်းဗုံးပေါက်ကွဲမှုကြောင့်သေဆုံးခဲ့သည် ဟု
အထက်တန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်ပတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာအနည်းငယ် ရရှိခဲ့သော်လည်း သေဆုံးသူမရှိဟု အမေရိကန် စစ်ဘက်အရာရှိများက ပြောကြားသည်။