PATIRE(သို့မဟုတ်)ကျေးဇူးရှင်ကိုကျေးဇူးကန်းကြသူများ
PATIRE (သို့မဟုတ်) ကျေးဇူးရှင်ကိုကျေးဇူးကန်းကြသူများ
အောက်တိုဘာလ(၂၄)ရက်နေ့သည် ကုလသမဂ္ဂနေ့ကြီး ဖြစ်ပါသည်။ကုလသမဂ္ဂကြီးသည် လူသားများအားလုံး၏ အားထားရာမှီခိုရာကြီး ဖြစ်ပါသည်။ ကုလသမဂ္ဂကြီးတွင် အမှုထမ်းနေကြသော ပုထုဇဉ်အချို့မှာမူ ကုလသမဂ္ဂကြီး၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များနှင့် အလှမ်းဝေးကြသူများစွာ ရှိနေကြပါသေးသည်။ အလှမ်းဝေးပုံ ဥပမာလေးတစ်ခုတင်ပြလိုပါသည်။ ကုလသမဂ္ဂကြီးက ယခုနှစ် ကုလသမဂ္ဂနေ့တွင် တစ်ကမ္ဘာလုံး၏အရေးကိုတွေးမူပြီး ကမ္ဘာ့ရှေ့ရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဆော်သြကြရန်ထုတ်ပြန်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ဌာနေကိုယ်စားလှယ် မစ္စတာချားလ်ပက်ထရီ ဦးဆောင်သော အဖွဲ့ ကတော့ဖြင့် ကမ္ဘာ့အရေးကိုမေ့ပြီး မြန်မာ့အရေးကိုပဲ အမနာပ အတင်းချဖို့ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ အော်….ဆရာကြီး ကြိုက်ဖို့က ကမ္ဘာကြီးကြိုက်ဖို့ ထက် ပိုအရေး ကြီးတာကိုး …။ မစ္စတာပက်ထရီထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂနေ့ထုတ်ပြန်ချက်ကတော့ဖြင့် “မြန်မာနိုင်ငံတွင် လူတွေရဲဝင်ငွေနည်းလွန်းလှပါသည်။ ဒုက္ခတွေ့ နေကြပါသည်။ ပညာရေး၊ ကျန်းမာရေးတွေလဲ အဆင့်နိမ့်လွန်းလှပါသည်တဲ့” မစ္စတာပက်ထရီကြီး မြန်မာနိုင်ငံမှာနေခဲ့တဲ့ နှစ်တွေလည်း မနည်းလှပါးဘူး။ ဒါတော့သေချာပါတယ်။ မစ္စတာပက်ထရီရတဲ့ ဒေါ်လာထောင်ဂဏန်းတော်တော် များများ ဖြစ်မယ်လို့ ခန့်မှန်းမိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အားရပါးရစား လိုက်စမ်းပါ။ အလွန်ဆုံး တစ်မိသားစုလုံး စားကြမှတစ်လဒေါ်လာ(၅၀၀)လောက် ကုန်မှာပါ။ ကျန်တာကတော့ ကျစ်ကျစ်ပါအောင်စုပေတော့ပေါ့ ။ ဒီလောက် ငွေစုဆောင်းခွင့်ရတာတောင် အားမရပဲ ဆရာကြီးဆီက ထပ်လိုချင်လို့ အမှန်ကို အမှား၊ အမှားကိုအမှန် ဗလောင်းဗလဲလုပ်ချလိုက်ပြန်ပြီလား ။ ခင်ဗျားတို့နိုင်ငံမှာ ဒီလစာနဲ့ ဒီလိုစုဆောင်းဖို့ ဘယ်လိုရနိုင်မလဲ ။ ဒီက စားသောက်စရိတ်တွေက ခင်ဗျားတို့နိုင်ငံနဲ့ ယှဉ်ရင် မိုးနဲ့မြေလိုကွာခြားတာကိုး ။ ပိုက်ဆံတွေစုနိုင်တာ ဈေးချိုလို့ပေါ့နော် ။ ဒီကျေးဇူးကိုမှမထောက်၊ ကျေးဇူးရှင်ကို ကျေးစွပ်ရက်တာ ခင်ဗျားတို့သဘာဝဆိုလဲ ရှိပါစေတော့လေ။ မစ္စတာပက်ထရီရေ …. ဒီလောက်မွှေလို့၊ နှောက်လို့ ၊ ဖွလို့မှ အားမရ သေးဘူးလား ။ ဆက်၍ ကုလသမဂ္ဂအရေခြုံပြီး၊ ဗလိန်ဇာတ်လမ်းတွေ ဆင်ချင် သေးလို့လား ။ တော်လောက်ပါပြီ ၊ ပြန်ပါတော့၊ ပြန်ပါတော့ ၊ ပြန်ပါတော့ ….။
0 comments:
Post a Comment