ပီနန်ဆရာတော် ဘဒ္ဒန္တပညာဝံသထံ လျှောက်ထားလွှာ ပြည်ပသာသနာပြုလုပ်ငန်းမှာစွမ်းစွမ်းတမံမြန်မာသိ၊ကမ္ဘာသိဆောင်ရွက် တော်မူလျက်ရှိသော ပီနန်ဆရာတော်ကြီးအားရိုသေစွာဖြင့် လျှောက်ထား ခွင့်ပြု တော် မူပါဘုရား - နိုင်ငံရပ်ခြားရှိ မြန်မာရဟန်းတော်များ၏ လှုပ်ရှားမှုတစ်ရပ်အဖြစ် သာသနဥသျှောင်အပြည်ပြည်ဆိုင်ရာသာသနအဖွဲ့အစည်းကြီးတစ်ခု ဖွဲ့စည်းထား သည်ဟု သိရပါသည်ဘုရား။ မစိုးရိမ်ဆရာတော်ကြီးက ဥသျှောင်ဆရာတော်၊ ပီနန်ဆရာတော်ကြီးက ဥက္ကဌဆရာတော်ကြီးဟု ကြားသိရပါသည် ဘုရား။ မြန်မာနိုင်ငံတွင် ခိုင်မာသော သံဃာ့အဖွဲ့အစည်းကြီးရှိနေပါလျက် ယခုကဲ့သို့ သံဃာ့အဖွဲ့အစည်းကြီးတစ်ခု စင်ပြိုင်ပေါ်ပေါက်လာသည်မှာ တပည့် တော်တို့ အဖို့ အံ့သြစိုးရိမ်မကင်းဖြစ်ရပြီး မြန်မာနိုင်ငံသံဃာထုအတွင်းမှာလည်း ဂယက် ရိုက်ခတ် သွားခဲ့ပါသည်ဘုရား။ ပီနန်ဆရာတော်ကြီး၏ ဇာတိမြေဖြစ်သော ၀ါးခယ်မမြို့တွင် သာသနာပွင့် လင်းအောင် ဆောင်ရွက်မှုများကို နှစ်အတန်ကြာက သိမှတ်ထားခဲ့ပြီး ရန်ကုန်မြို့၊ စမ်းချောင်းအောင်မင်္ဂလာသိဒ္ဒိကျောင်းတိုက်၌ သီတင်းသုံးနေရာမှ ခက်ခက်ခဲခဲဖြင့် ပီနန်းကျွန်းသို့ ပြည်ပသာသနပြုခရီးထွက်ခွာခဲ့ပုံ၊ ထိုမှတဆင့် စင်္ကာပူနိုင်ငံ၊ အမေရိကန်နိုင်ငံတို့၌ ကျောင်းခွဲများတည်ထောင်ပုံ၊ နိုင်ငံခြားသား ဒါယကာ၊ ဒါယကများအား တရားဓမ္မများ ဟောကြားနေပုံတို့ကို မြင်ယောင်လာမိပါ တယ်ဘုရား။ ပီနန်ဆရားတော်ကြီး၏ သာသနပြုလုပ်ငန်းများကို ကြည်ညိုအားရမဆုံး ရှိနေစဉ်မှာပင်ပြည်ပခရီးသွားမြန်မာဒါယကာတစ်ဦး၏ တီးတိုးဝေဖန်ချက်တစ်ချို့ ကို နားထောင်ရသည်မှာ တပည့်တော်အနေဖြင့်လက်ခံ မရနိုင်အောင် ဖြစ်ရပါ သည်ဘုရာ။ ၄င်းကိစ္စမှာ ပီနန်ဆရာတော်ကြီးသည် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ် မြို့တွင် ကျောင်းမဟုတ်သည့် ရပ်ကွက်တိုက်ခန်းတစ်ခု၌ နေထိုင်သီတင်းသုံးပြီး သာသနာရေးကိစ္စမဟုတ်သည့် လူမှုရေးကိစ္စများရောထွေးကာ ဆောင်ရွက်လျက် ရှိနေကြောင်း သိရှိရခြင်းဖြစ်ပါသည်ဘုရား။ မဟာဟာသန္တိသုခသာသနာပြုကျောင်းတော်ကြီးနှင့် ပတ်သက်၍လည်း လျှောက် ထား ခွင့်ပြုတော်မူပါဘုရား။ မဟာဟာသန္တိသုခသာသနာပြုကျောင်းတော်ကြီးကို တည်ထောင်ပြီး ကမ္ဘာ ပေါ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းများတွင် ကျောင်းထိုင်မည့်သံဃာတော်များ မွေးထုတ်ရေးအစီအစဉ်ကို ဆရာတော်ကြီးမှ စတင်ကြံစည်စိတ်ကူးအကောင် အထည်ဖော် ခဲ့ပါသည်ဘုရား။ ဆရာတော်ကြီး၏ အကြံအစည် စိတ်ကူးများဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့သော်လည်း ဆရာတော်ကြီးမတည် ထည့်ဝင်ငွေမှာ ကျပ်သိန်း(၇၀၀)ခန့်သာ ရှိပါသည်ဘုရား ။ ယင်းသိန်း(၇၀၀)ခန့် တန်ဘိုးမှာလည်း ကျောင်းတွင်း၌ တပ်ဆင်ထားရှိမည့် ပစ္စည်းများသာ ဖြစ်ပါ သည်ဘုရား။ ယင်းပစ္စည်းအချို့နှင့် ပရိဘောဂများကိုလည်း ဆရာတော်ကြီး၏ တပည့်ရဟန်းကကျောင်းမှထွက်ခွာသည့်အခါတွင် ပြန်လည် ယူဆောင်သွားခဲ့ပါ သည်ဘုရား။ ကျောင်းတော်ကြီးတည်ဆောက်ရာတွင် သိန်းပေါင်း တစ်သောင်းခန့် ကုန်ကျပါသဖြင့် ဆရာတော်ကြီးမတည်ပါဝင်စိုက် ထုတ်သည့် ပစ္စည်းများနှင့် ကျောင်းသုံးရိဘောဂ တန်ဖိုးထည့်ဝင်ငွေပမာဏမှာ လွန်စွာနည်းပါးလှပါသည် ဘုရား။ ကျောင်းတော်ကြီး တည်ဆောက်သည့် လုပ်ငန်းပမာဏကြီးမားသည့် အတွက် ဆရာတော်မှ ဆက်လက်ဆောင်ရွက်နိုင်ခြင်း မပြုနိုင်တော့ဘဲ နိုင်ငံတော် အစိုးရထံမှ အကူအညီများကို တောင်းခံခဲ့ရပြီး နိုင်ငံတော်အစိုးရမှ စိုက် ထုတ်ငွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ ချေးငွေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ချေးငွေတို့ဖြင့် နိုင်ငံတော်အစိုးရ ကြီးကြပ်မှုအောက်တွင် ကြိုးစားပမ်းစား တည်ဆောက်ခဲ့ရပါသည်ဘုရား။မြေဂရန်အမည်ပေါက်မှစ၍ အဆောက်အဦးပြီးဆုံး သည့်တိုင် ဆောင်ရွက်ခဲ့ပြီး ပိုင်ဆိုင်မှုအမည်ပေါက်မှာ ဂေါပက အဖွဲ့သာဖြစ်၍ ဆရားတော်ကြီးအမည်ပေါက် မဟုတ်ပါဘုရား။ ဆရာတော်ကြီး ကြံစည်သကဲ့သို့ ပြည်ပမှလာရောက်သောခရီးသည်များကိုတည်းခိုစေပြီး ၀င်ငွေရှာသောလုပ်ငန်းမှာ လည်း သာသနပြုလုပ်ငန်းနှင့် ဖီလာဆန့်ကျင်ဖြစ်နေမည်ဟု ထင်မြင်မိပါသည် ဘုရား။ မြန်မာနိုင်ငံရှိသာသနာရေးနှင့်သက်ဆိုင်သောအခြားတက္ကသိုလ်ကြီးများကို နိုင်ငံတော်သံဃနာယကအုပ်ချုပ်မှုအောက်တွင်ထားရှိသကဲ့သို့ မဟာသန္တိသုခ သာသနာပြုကျောင်းတော်ကြီးကိုလည်း နိုင်ငံတော် သံဃနာယက အုပ်ချုပ်မှု အောက်တွင်ထားရှိခြင်းမှာ မှန်ကန်သောလုပ်ထုံးလုပ်နည်း ဖြစ်ပါသည်ဘုရား။ သာသနာတော်ကို လှူဒါန်းထားသော သာသနိကအဆောက်အဦးဖြစ်သဖြင့် ပုဂ္ဂလိကတစ်ဦးတည်းအုပ်ချုပ်မှု အောက်၌ မထားရှိဘဲ ဂေါပကအုပ်ချုပ်မှုဖြင့် ကျောင်းတော်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ထားသည်မှာလည်း သဘာဝကျ ပါသည် ဘုရား။ နိုင်ငံတော်သံဃနာယကအဖွဲ့မှ ကျောင်းတော်ကြီးကို အတင်းအဓမ္မလုယူ ထိန်းသိမ်းထားခြင်း မဟုတ်ပါဘုရား။ ကျောင်းတော်ကြီးအုပ်ချုပ်ရာတွင် ဆရာတော်ကြီးကို ပစ်ပယ်မထားဘဲ သြ၀ါဒစရိယဆရာတော်များစာရင်းတွင် ပါဝင်သည့်ဆရာတော်ကြီးအနေနဲ့ ကျောင်းတော်ကြီးသို့ အချိန်အခါမရွေးကြွ ရောက် သီတင်းသုံးနိုင်ပါသည်ဘုရား။ ထိုသို့စီမံဆောင်ရွက်ထားပါလျက် ကျောင်းတော်ကြီးသို့ ဆရာတော်ကြီးလာရောက်သီတင်းသုံး နေထိုင်ခြင်းမပြု သည်မှာ ဆရာတော်ရွေးချယ်သော အစီအစဉ်သာဖြစ်ပါသည်ဘုရား။ ယင်းသို့စီမံထားမှုနှင့်ပတ်သတ်၍ ဆရာတော်ကြီးကျေနပ်မှုမရှိကြောင်း နိုင်ငံခြားသတင်းဌာနမှတဆင့်ကြားသိရပါသည်ဘုရား။မဟာသန္တိသုခ သာသနာပြူ ကျောင်းတော်ကြီး စီမံအုပ်ချုပ်မှုနှင့်ပါတ်သက်၍ ဆရာတော်ကြီးကျေနပ်မှု မရှိလို့သာ ယခုကဲ့သို့ နိုင်ငံတော်သံဃနာယက ဆရာတော်ကြီးများအား ပုတ်ခတ်ဝေဖန်ပြောဆိုနေခြင်းမဖြစ်ပါစေနှင့်ဟု တပည့်တော် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ဘုရား။ ဆရာတော်ကြီး၏ အကျိုးကို လိုလားသူတစ်ဦး