သာသနာရောင်ဝါထွန်းစေဖို့
ခုတလော နေ့စဉ်ထုတ်သတင်းစာများကိုဖတ်ရင်း နိုင်ငံတစ်ဝန်းမှာ မြတ်ဗုဒ္ဓသာသနာတော်ထွန်းကားစည်ပင် ပွင့်လင်းကြောင်း နေ့စဉ်နှင့်အမျှ ကြိုးပမ်းဆောင်ရွက်နေကြတာတွေဖတ်ရတော့ ကြည်နူးပီတိဖြစ်ရပါတယ်။ ဘယ်နေ့ထုတ်သတင်းစာပဲဖြစ်ဖြစ် ဖတ်ကြည့်လိုက်ရင် ဒီလိုသတင်းမျိုး အနည်းနဲ့အများ ဖတ်ကြရမှာပါ။ ဥပမာအားဖြင့် ၂၃-၁၁-၂၀၀၇ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာကိုကြည့်ရင် စာမျက်နှာ(၂)မှာ ရွှေတိဂုံစေတီ တော် မသိုးသင်္ကန်းကပ်လှူပွဲနှင့် တန်းဆောင်တိုင်မီးထွန်းပွဲတော်မီးထွန်းပွဲတော်ကျင်းပမယ့်သတင်းကို ဖတ်ရပါလိမ့်မယ်။ စာမျက်နှာ(၅)မှာ ရန်ကုန် တောင်ပိုင်းခရိုင် ဘုန်းတော်ကြီးစာသင်ကျောင်းများနဲ့ သီလရှင်စာသင်တိုက်များသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနဲ့ စေတနာရှင်ပြည် သူများက ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ ဆေး၊ ပဲနှင့် ဆွမ်းပဒေသာပင် အလှူတော်ငွေများ လှူဒါန်းနေတဲ့သတင်းဓါတ်ပုံတွေ တွေ့ရပါမယ်။ စာမျက်နှာ (၇)မှာ ညောင်ပင်သာကျောင်းတိုက် ၀ိပဿနာခုနှစ်ရက်စခန်းဖွင့်ပွဲနဲ့ မြန်မာနိုင်ငံ ဗုဒ္ဓဂါယာကျောင်းတော် ခုနှစ်ရက်တရားစခန်းသိမ်းအောင်ပွဲ သတင်းတွေ ၊ အေးမြမေတ္တာဆရာတော်တရားပွဲသတင်းတွေ ဖတ်ရပါလိမ့်မယ်။ စာမျက်နှာ(၈)မှာ အောင်တော်မီစေတီဆီမီးပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေး ပွဲတော် သတင်း၊ စာမျက်နှာ (၁၉)မှာ ရန်အောင်မြင်စေတီတော် ဗုဒ္ဓဘိသေဂမ၈င်္လာတော်အခမ်းအနားကျင်းပမည့်သတင်းနှင့် ရှင်သာမဏေ ဓမ္မဗိမ္မာန် ပဋ္ဌာန်းအခြေပြု သင်တန်းဖွင့်မယ့် သတင်းတွေ ဖတ်ရပါမယ်။ စာမျက်နှာ(၁၅)မှာ လှူကထိန်သင်္ကန်းနှင့် မင်္ဂလမ်းတဲ့ ဆုပန်ရွယ်ဆိုတဲ့ မင်းဧရာ (မြေလတ်) ရေးတဲ့ဆောင်းပါး၊ စာမျက်နှာ(၁၇)မှာ မိထ္ထီလာဆရာတော် ဓမ္မခရီးစဉ် အထူးတရားစခန်းများသတင်းတွေ စသည်ဖြင့် ပါရှိကြပါတယ်။ ဘုံကထိန်ပွဲတော် ကျင်းပတဲ့သတင်းတွေကတော့ဖြင့် စာမျက်နှာတိုင်းလိုလို ထည့်မဖတ်ပြတော့ပါဘူး။
ဒီသတင်းများဟာ သာသနာတော်ထွန်းကားပြန့်ပွားတည်တံ့စေဖို့ သာသနာ့သားကောင်းဆရာတော်အရှင်သူမြတ်များရဲ့ ကြိုးပမ်းအားထုတ် မှုများ၊ အမျိုးဘာသာသသနာကို စောင့်ရှောက်ထိန်းသိမ်းကြတဲ့ ဒကာ၊ ဒကာမများအပိုင်းက တက်ညီလက်ညီဆောင်ရွက်ကြမှု သတင်းများပဲဖြစ် ပါတယ်။ ဒီအစဉ်အလာကောင်းများဟာ ကျွန်တော်တို့နိုင်ငံမှာ ရှေးယခင်ပဝေသဏီကတည်းက တည်ရှိခဲ့တဲ့ အစဉ်အလာကောင်းများပဲဖြစ်ပါတယ်။ ဒါတွေကသာ ကျွန်တော်တို့နိုင်ငံရဲ့ ဘာသာရေးဆိုင်ရာ မြင်ကွင်းအစစ်အမှန်တေါဖြစ်ပါတယ်။ စက်တင်ဘာလအတွင်းကဖြစ်ပွားခဲ့တဲ့ ရဟန်းသံဃာ ငယ်အချို့ရဲ့ ဆောင်ရွက်ချက်တွေကတော့ ဗိုလ်ကျစိုးမိုးလိုသူ အနောက်နိုင်ငံတစ်ချို့နဲ့ NLD ပါတိဝင်များရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်ပွား ခဲ့ရတဲ့ နောင်ပြန်မစဉ်းစား အမှတ်မရချင်လောက်အောင် အရုပ်ဆိုးအကျည်းတန်တဲ့၊ ဘာသာရေးနဲ့ ဘာမှမဆိုင်တဲ့ ဆူပူမှုသက်သက်သာဖြစ်ပါတယ်။ ခုလောက်ဆိုရင် အဲဒီတုန်းက အများနဲ့ရောယောင်ပါဝင်ခဲ့မိတဲ့ သံဃာငယ်အများစုလည်း အခြေအနေမှန်ကို နားလည်သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံက ကြံ့ကြံ့ခံထားရတဲ့ ထေရ၀ါဒဗုဒ္ဓသာသနာတော် မညှိုးနွမ်းစေရေးအတွက် မိမိတို့လူတစ်စု၊ ပါတီဝင်တစ်ဖွဲ့ရဲ့ အကျိုးစီးပွားဆောင်ရွက်ရာမှာ သာသနာရေးကိုခုတုံးခုပ်ခြင်းများမှ ရှောင်ရှားသင့်ပါကြောင်း သက်ဆိုင်သူများကို သတိပေးလိုက်ချင်ပါတယ်။
ၵ

0 comments:
Post a Comment