တစ်ချို့လူတွေက ထင်ကောင်းထင်ပါမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းရေးကိစ္စတွေမှာ အနောက်နိုင်ငံတစ်ချို့ဟာ သူတို့ဖြစ်စေလိုတဲ့ အတိုင်း ဖြစ်လာအောင် နည်းမျိုးစုံနဲ့ ခြေပုန်းခုတ်ပါဝင်ဆောင်ရွက်ကြတယ်လို့ နိုင်ငံတော်ရဲ့သတင်းထုတ်ပြန်ရေးနည်းလမ်းတွေကနေ မပြတ် သတိ ပေးနေပေမယ့် ဒါတွေဟာ ဟုတ်မှဟုတ်ပါ့မလားလို့ တစ်ချို့လူတွေက ထင်ကောင်းထင်နိုင်ပါတယ်။ ကျောချမှ ဓါးပြမှန်းမသိရလေအောင် လက်ဆုပ်လက်ကိုင်နဲ့တကွ ရှင်းပြပေးနေတာတောင် နားမ၀င်သေးတဲ့သူတွေ ရိှနိုင်ပါတယ်။ သူတို့တတွေအတွက် သတင်းစာထဲက သတင်းလေး တစ်ပုဒ်ကို ဖောက်သည်ချချင်ပါ တယ်။ နိုဝင်ဘာလ(၂၆)ရက်နေ့သတင်းစာတွေထဲက နိုင်ငံတကာသတင်းတစ်ပုဒ်ပါ။ သတင်းခေါင်းစဉ်က“ရုရှားနိုင်ငံ အင်အားချည့်နဲ့စေရန် ပြည်ပနိုင်ငံ များကြိုးပမ်း၊ အစိုးရအဖွဲ့အား ပြည်သူ့ထောက်ခံပွဲ၌ သမ္မတပူတင်ပြောကြား” ဆိုပြီး ဖော်ပြထားပါတယ်။
သတင်းအကျဉ်းဖော်ပြရရင် လာမည့်လအတွင်းကျင်းပမည့် ရုရှားရွေးကောက်ပွဲတွင် အတိုက်အခံနိုင်ငံရေးသမားများကို ထောက်ခံ အားပေး နေသည့် ပြည်ပအစိုးရများသည် ရုရှားနိုင်ငံအင်အားချည့်နဲ့စေရန်အတွက် လှည့်ဖြားမှုများပြုလုပ်လျက်ရှိကြောင်း၊ ရုရှားနိုင်ငံတွင် ပြည်ပသံရုံး များမှ တဆင့် လျှို့ ၀ှက်ခြေပုန်းခုတ်နေသူများရှိကြောင်း၊ ၄င်းတို့ဟာ ပြည်ပရန်ပုံငွေများနဲ့ ပြည်ပအစိုးရအချို့ရဲ့ ပေးစာကမ်းစာအပေါ်အမှီသဟဲပြုနေကြပြီး မိမိပြည်သူုများ အပေါ် အထောက်မကူမပေးကြောင်း၊ ၄င်းတို့သည် ရုရှားနိုင်ငံအား စုစည်းညီညွတ်မှုမရှိမဲ သဘောထားကွဲလွဲနေသည့် လူ့အဖွဲ့ အစည်း သာဖြစ်စေလို ကြောင်း ရုရှားသမ္မတပူတင်က ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အနောက်နိုင်ငံတစ်ချို့နဲ့ သြဇာခံ ပါတီတစ်ခုက ပါတီဝင်တွေလုပ်နေကြပုံနဲ့ ဘယ်လောက်များတူလိုက်သလဲဗျာ။
တကယ်တန်းကတော့ ဒီလုပ်ရပ်၊ ဒီဖြစ်စဉ်တွေဟာ ခေတ်သစ်ကိုလိုနီနယ်ချဲ့တွေရဲ့ လုပ်နည်းလုပ်ဟန်နဲ့ သူတို့အလိုတော်ရိတွေရဲ့ ဖြစ်ပျက်ပုံ တွေပါပဲ။ အားလုံးဒီပုံစံအတိုင်းပဲ လှုပ်ရှားနေကြတာပါ။ လက်တင်အမေရိကလား၊ အာဖရိကတိုက်လား၊ အရှေ့ဥရောပလား၊ အာရှတိုက်လား၊ နေရာနဲ့ လူမျိုးပဲ ကွဲမှာပါ။ သဘောတရားကတော့ အတူတူပါပဲ။ ကျောချမှ ဓါးပြမှန်းမသိရလေအောင် သတိထား၊ ဂရုစိုက်၊ သုံးသပ်နေကြဖို့ လိုအပ်ကြောင်း ပြောလိုပါတယ်။