တာဝန်ကိုယ်စီ ကျေရမည်
ယခုအခါ နိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံဖြိုးတိုးတက်သော စစ်မှန်၍စည်းကမ်း
ပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး အမျိုးသားရေးရည်မှန်းချက်ပန်းတိုင်ကို
ချမှတ်ထားပြီး ထိုရည်မှန်းချက်အောင်မြင်အောင် လျှောက်လှမ်းရမည့် လမ်းကြောင်းအဖြစ် မူဝါဒ
လမ်းစဉ်(၇)ရပ်ကို ချမှတ်ထားရှိပါသည်။ မည်သူမျှအငြင်းပွားစရာမရှိသည့် ဒို့တာဝန်အရေးသုံးပါး
ကိုလည်းအမျိုးသားရေးမူဝါဒအဖြစ် တိတိကျကျဖော်ဆောင်ထားပြီးဖြစ်ပါသည်။ အမျိုးသားရေး
ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်စွာချီတတ်နိုင်ရန်အတွက် ဦးတည်ချက်(၁၂)ရပ်ကိုလည်း
နိုင်ငံတော်တည်ဆောက်ရေးဆိုင်ရာ လက်တွေ့လုပ်ငန်းစဉ်များအဖြစ် ရွေးချယ်ချမှတ်ပေးခဲ့ပြီး
ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုအောက်ဝယ် ပြည်သူတစ်ရပ်လုံးက ညီညီညွတ်ညွတ်
တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံတစ်နံတစ်လျား ဘယ်နေရာကိုကြည့်
ကြည့် ဘက်ပေါင်းစုံမှဖြစ်ပေါ်တိုးတက်မှုများကို တွေ့မြင်နေရပြီဖြစ်သည်။
ထိုသို့သော်အခြေအနေတွင် ကျွန်တော်တို့ပြည်သူလူထုများအနေဖြင့် နိုင်ငံတော်တည်
ဆောက်ရေးတာဝန်များကို ကျရာအခန်းကဏ္ဍမှ တစ်ပိုင်တစ်နိုင်ဝင်ရောက်ထမ်းဆောင်ကြရမည်
ဖြစ်ပါသည်။ ကိုယ့်တာဝန်ကိုယ်ကျေရပါမည်။ ပြင်ပပယောဂများကြောင့်သော်လည်းကောင်း၊မိမိ
ကိုယ်တိုင်သော်လည်းကောင်း၊ နိုင်ငံတော်ကြီးအကျိုးပျက်စီးရာပျက်စီးကြောင်း ဆန့်ကျင်ဆောင်
ရွက်ခြင်း လုပ်ဆောင်မှုများကို စိတ်နှင့်မျှပင်မကြံစည်သင့်ဘဲ လုံးဝရှောင်ရှားသင့်ကြပါသည်။
ထိုသို့မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ပထ၀ီနိုင်ငံရေးအရ အမျိုးသားနိုင်ငံရေးလက်တွေ့ကျင့်သုံးဖော်
ဆောင်မှုကို စိတ်တိုင်းမကျဖြစ်နေသော ဗိုလ်ကျစိုးမိုးရေးဝါဒီများနှင့် လက်ပါးစေလူတစ်စု၏
သပ်လျှို ၊ သွေးခွဲမှုအမျိုးမျိုးအပေါ် နားယောင်နောက်လိုက်လုပ်မိမှားပါက လွန်ခဲ့သောနှစ်ပေါင်း
(၄၀)အတွင်း သမင်မွေးရင်းကျားစားရင်အဖြစ်မျိုးနှင့် ကြုံတွေ့ခဲ့ရသောမြန်မာ့ခေတ်ဟောင်း
သမိုင်းကြောင်းဘ၀မှ ကျော်လွှားလွန်မြောက်နိုင်မည်မဟုတ်ပါကြောင်း တင်ပြလိုက်ပါသည်။
0 comments:
Post a Comment